
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၅ ရက်
မြန်မာစစ်တပ်က အာဏာသိမ်းတာ ၃ နှစ်မြောက် နီးကပ်လာချိန်မှာ မြန်မာစစ်တပ်ရဲ့ ဝင်ငွေရပေါက်တွေ ကို ဖြတ်တောက်ရေး ပိုမို လုပ်ဆောင်ဖို့ Burma Campaign UK က ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ကင်မရွန်း ကို တောင်းဆိုလိုက်ပါတယ်။
ဗြိတိန်အစိုးရဟာ ကနေဒါ၊ အမေရိကန်နဲ့ ဉရောပသမဂ္ဂတို့လို မြန်မာစစ်တပ်အတွက် အဓိက ဝင်ငွေရ ပေါက်အချို့ကို ဒဏ်ခတ်ပိတ်ဆို့တာ မပြုလုပ်သေးပါဘူး။
ဉရောပသမဂ္ဂနဲ့ အမေရိကန်နိုင်ငံက မြန်မာစစ်တပ်ရဲ့ အဓိက ဝင်ငွေရပေါက်ဖြစ်တဲ့ မြန်မာ့ရေနံနှင့်ဓာတ် ငွေ့လုပ်ငန်း (MOGE) ကို ဒဏ်ခတ်အရေးယူခဲ့သလို ဉရောပသမဂ္ဂ၊ ကနေဒါနဲ့ အမေရိကန်နိုင်ငံတို့က စစ်တပ် ထိန်းချုပ် သတ္ထုတူးဖော်ရေးလုပ်ငန်း ၂ ခုကို ဒဏ်ခတ်ပိတ်ဆို့ပေမယ့် ဗြိတိန်ုနိုင်ငံကတော့ အရေးယူတာမရှိသေးပါ ဘူး။
မြန်မာပြည်သူတွေဟာ စစ်အုပ်ချုပ်ရေးကို ဆက်လက် တော်လှန်နေတာကြောင့် ဗိုလ်ချုပ်ကြီးတွေက အာ ဏာတည်မြဲဖို့ ရက်စက်သောနည်းလမ်းတွေ ပိုအသုံးပြုလာပြီး နေအိမ်တွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေနဲ့ ဘာသာရေးအဆောက်အအုံတွေကို ဗုံးကြဲတိုက်ခိုက်လာပါတယ်။
မြန်မာပြည်သူ ၂ သန်းခန့် အိုးအိမ်စွန့်ခွာခဲ့ရပြီး နိုင်ငံရေးအကျဉ်းသား ၂၀၀၀၀ အကျဉ်းကျနေဆဲလို့ Burma Campaign UK က ပြောပါတယ်။
ဗြိတိန်အစိုးရအနေနဲ့ မြန်မာစစ်တပ်ရဲ့ ဝင်ငွေရပေါက်တွေကို ဖြတ်တောက်နိုင်ပြီး ဒဏ်ခတ်ပိတ်ဆို့မှုနဲ့ အခြားအစီအမံတွေ လုပ်ဆောင်နိုင်ပါတယ်။
မြန်မာစစ်တပ်အတွက် ငွေကြေးနဲ့ စစ်လက်နက်တွေ ထောက်ပံ့ပေးမှုကို ဖြတ်တောက်မယ့် အခွင့်အလမ်း တိုင်းကို ဒေးဗစ်ကင်မရွန်းက အသုံးပြုဖို့ အရေးကြီးတယ်လို့ Burma Campaign UK က ဆိုပါတယ်။
“မြန်မာစစ်တပ်အတွက် အဓိက ဝင်ငွေရပေါက်တွေကို ဒဏ်ခတ်ပိတ်ဆို့ဖို့ ကြန့်ကြာတာဟာ မြန်မာစစ် တပ်အတွက် ငွေကြေးနဲ့ဗုံးတွေ ပိုမိုရရှိစေပါတယ်။ မြန်မာစစ်တပ်အတွက် အဓိက ဝင်ငွေရပေါက်အချို့ကို ဒဏ် ခတ်ပိတ်ဆို့ရာမှာ ဗြိတိန်က ဉရောပသမဂ္ဂ၊ အမေရိကန်တို့နဲ့ မပူးပေါင်းတာဟာ အဓိပ္ပာယ်မရှိပါဘူး” လို့ Burma Campaign UK ရဲ့ အစီအစဉ် ညွှန်ကြားရေးမှူး ဇိုယာဖန်က ပြောပါတယ်။
ကိုးကား – Burma Campaign UK
Ref; Cameron: Catch up with EU/USA. Sanction gas, mining and banks funding Burmese military