
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၉ ရက်
ကမ္ဘာပေါ်တွင် အချမ်းသာဆုံး ဒီမိုကရေစီနိုင်ငံများဖြင့် ဖွဲ့စည်းထားသည့် G7 အဖွဲ့က မြန်မာစစ်အစိုးရရဲ့ ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ ၄ ဦးအား ကြိုးပေးကွက်မျက်မှုကို ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ဗြိတိန်နဲ့ အမေရိကန်နိုင်ငံတို့ပါဝင်တဲ့ G7 အဖွဲ့က စစ်ကောင်စီ ကို တဖက်သတ် ကြိုးပေးကွက်မျက်မှုတွေ ထပ်မံမပြုလုပ်ရေး ရှောင်ကြဉ်ဖို့နဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ် ပေးဖို့ ထုတ်ပြန်ချက်တစ်ခုအတွင်း တောင်းဆိုလိုက်ပါတယ်။
နှစ် ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ် ကြိုးပေးကွက်မျက်မှုနဲ့ မျှတမှုမရှိတဲ့ တရားစီရင်မှုက မြန်မာ ပြည်သူတွေရဲ့ မဆုတ်မနစ်သော ဒီမိုကရေစီ မျှော်မှန်းချက်တွေအပေါ် စစ်ကောင်စီရဲ့ ပမာမထားမှုကို ပြသနေပါ တယ်လို့ ဗြိတိန်အစိုးရကထုတ်ပြန်တဲ့ G7 နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။
မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုကို မိမိတို့ အပြင်းထန်ဆုံး ရှုတ်ချပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လူ သားချင်းစာနာမှုနဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ပတ်သက်ပြီး အလေးအနက် စိုးရိမ်မိပါတယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ စစ်ဘက်တရားရုံးတွေက သေဒဏ်စီရင်ချက်ချမှတ်ခံထားရသူ ၁၀၀ ခန့်ရှိသေးတယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် နိုလန်းဟေဇာနဲ့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်အဗ္ဗဒူလာတို့ကလည်း စစ်ကောင်စီရဲ့ ဒီမိုကရေစီတက်ကြွလှုပ်ရှားသူလေးဦးအား ကြိုးပေးကွက်မျက်မှု က လူသားမဆန်သော ရာဇဝတ်မှုတစ်ခုအဖြစ် ပြောဆိုလိုက်ပါတယ်။
ကုလသမဂ္ဂအစည်းအဝေးတွေမှာ မြန်မာနိုင်ငံကို ကာကွယ်ပေးလေ့ရှိတဲ့ရုရှားနဲ့တရုတ်တို့ပါဝင်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက စစ်ကောင်စီရဲ့ တက်ကြွလှုပ်ရှားသူလေးဦးကို ကြိုးပေးကွက်မျက်မှုအား ထုတ်ပြန်ချက်တစ်ခုအတွင်း ရှုတ်ချခဲ့ပါတယ်။
ကိုးကား – Aljazeera
Ref; G7 calls on Myanmar to refrain from more ‘arbitrary executions’