ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၆ ရက်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ ရှင်းလက်ဝ တပ်စခန်းမှ စခန်းစွန့်ခွာထွက်ပြေးကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံဖမ်းဆီးရာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးခန့် သေဆုံးကာ၊ ၁၀ ဦးထက်မနည်း အရှင်ဖမ်းဆီးရမ်ိကြောင်း Maraland Defense Force (MDF)ထံက သိရှိရသည်။

ဇန်နဝါရီ ၂ ရက်နေ့တွင် စစ်ကောင်စီ၏ အင်အား ၂၀၀ နီးပါးဖြင့် တပ်စွဲထားသည့် ရှင်းလက်ဝတပ်စခန်းအား ရက္ခိုင့်တပ်တော်(AA)နှင့် Maraland Defense Force (MDF) ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီး ၎င်းစခန်းမှ စခန်းစွန့်ခွာထွက်ပြေးကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံဖမ်းဆီးရာ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ ဝင် ခြောက်ဦးခန့် သေဆုံးကာ၊ ၁၀ ဦးထက်မနည်း အရှင်ဖမ်းဆီးရမိ၍ လက်နက်ခဲယမ်းအများပြား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

” ရှင်းလက်ဝ စခန်းကနေ ထွက်ပြေးသွားကြတဲ့ စစ်သားတွေကို AA နဲ့ MDF တပ်ဖွဲ့တွေက လိုက်လံဖမ်းဆီးပြီး အိန္ဒိယ-မြန်မာနယ်စပ် တစ်နေရာမှာ တိုက်ပွဲဖြစ်တယ်။ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိတယ်။ ကျွန်တော်တို့ဘက်ကနေ လိုက်လံဖမ်းဆီးမူတွေ လုပ်ဆောင်နေတော့ စစ်သားတွေ ထွက်ပြေးစရာမရှိဘဲ တချို့ အိန္ဒိယဘက် ရောက်သွားကြပြီ”ဟု MDF ကာကွယ်ရေးအတွင်းရေးမှူးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ စခန့်စွန်ခွာ ထွက်ပြေးသွားကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လိုက်လံဖမ်းဆီးရာ ဇန်နဝါရီ ၅ ရက်၊ ညနေ ၅ နာရီခန့်က မြန်မာ-အိန္ဒိယနယ်စပ် ​တစ်နေရာတွင် စစ်ကောင်စီနှင့် AA၊ MDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရှိရသည်။

မြန်မာ-အိန္ဒိယနယ်စပ် ပလက်ဝမြို့နယ်ထဲက ပထိန်တလန် ကျေးရွာနှင့် မော်တလန် ကျေးရွာအတွင်းရှိ ကျေးရွာတို့တွင် တိုက်ပွဲများဆက်လက်ပြင်းထန်နိုင်ကြောင်း ပြည်သူများအနေဖြင့် ခရီးသွားလာရေးနှင့် ရပ်ရွာအတွင်းနေထိုင်နိုင်ရေး ကိစ္စရပ်များတွင် စစ်ရေးသတိရှိကြရန် အသိပေးထားသည်။

#ရှင်းလက်ဝစခန်း #ထွက်ပြေး #စစ်ကောင်စီ #လိုက်လံဖမ်းဆီးရာ #အရှင်၁၀ဦးထက်မနည်းဖမ်းမိ #Ayeyarwaddy_Times