
မြရာ/ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၅ ရက်
“၀”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပန်မြို့ရှိ စစ်ကောင်စီ၏ ရဲစခန်း၊ တပ်စခန်းများကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ဟိုပန်မြို့ကို ၀တပ်ဖွဲ့ထံသို့ ပြန်လည်လွှဲအပ်ခဲ့ကြောင်း သိရသည်။
ဟိုပန်မြို့၏ စစ်ကောင်စီလက်အောက်ခံ ရဲစခန်း၊ ဆေးရုံအပါအ၀င် စစ်စခန်းများကို ယနေ့ ဇန်နဝါရီ ၅ ရက်နေ့ နံနက် ၃ နာရီခန့်တွင် ကိုးကန့်တပ်မတော် (MNDAA) က ၀င်ရောက် တိုက်ခိုက်ခဲ့ပြီး မြို့ကိုထိန်းချုပ်နိုင်ခဲ့ကြောင်း ထွက်ပေါ်လာသည့် ရုပ်သံ များအရ သိရသည်။
ယနေ့ နံနက်အစောပိုင်းကတည်းက MNDAA တပ်ဖွဲ့ ၀င်များက မြို့ကိုထိန်းချုပ်ထားပြီး စစ်ကောင်စီ၏ ခလရ-၁၄၅ ကို သွားရောက်ပိတ်ဆို့၍ စစ်တပ်အရာရှိများကို လက်နက်ချအညံ့ခံရန် ညှိနှိုင်းပြောဆိုခဲ့ကြောင်း MNDAA စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
“မနက်ကတည်းက ၁၄၅ ကိုသွားဝိုင်းတာဆိုတော့ ညှိလို့ရသွားတယ်ထင်တယ်။ အခုတစ်မြို့လုံးကို “၀” ကထိန်းချုပ်လိုက်ပြီ။ အလံကိုမြို့လယ်မှာ စိုက်ထား လိုက်ပြီ”ဟု ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ် ကိုပြောသည်။
ယခုလက်ရှိတွင် ဟိုပန်မြို့ကို “၀”တပ်မတော် တပ်မဟာ ၃၁၈ က ထိန်းချုပ်ထားပြီး “၀”တပ်ဖွဲ့နှင့် MNDAA တပ်ဖွဲ့များ မြို့ကိုလုံခြုံရေးယူ ကင်းလှည့်လျက်ရှိ ကြောင်း သိရသည်။
#ရှမ်းမြောက် #ဟိုပန် #၀ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ #MNDAAလွှဲပြောင်း #Ayeyarwaddy_Times