ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၃ ရက်

ကချင်ပြည်နယ်၊ မြစ်ကြီးနား-လိုင်ဇာလမ်း လိုင်စင်ဘွမ်ဘက်ရှိ နာဖော့စစ်တပ်စခန်းသို့ လာရောက်သည့် စစ်ကောင်စီ၏ စစ်ရဟတ် ယာဉ်တစ်စီးကို KIA က ပစ်ချလိုက်သည့်အတွက် ပျက်ကျသွားကြောင်း သိရသည်။

ဇန်နဝါရီ ၃ ရက် နံနက် ၁၁ နာရီ ၅၀ အချိန်ခန့်က မြစ်ကြီးနားမှ နာဖော့တပ်စခန်းသို့တက်လာသည့် စစ် ရဟတ်ယာဉ်ကို KIA တပ်ဖွဲ့က ပစ်ချလိုက်သည့်အတွက် ပျက်ကျသွားကြောင်း KIA ပြောခွင့်ရ ဗိုလ်မှူး ကြီးနော်ဘူက ပြောသည်။

“စစ်ရဟတ်ယာဉ်က ရိက္ခာပို့ယာဉ်လား၊ တိုက်လေ ယာဉ်လား ခွဲခြားလို့မရသေးဘူး။ အဲဒီဘက်မှာတိုက် ပွဲဖြစ်နေတာလည်းမရှိတော့ ရိက္ခာပို့တဲ့ယာဉ်ဖြစ်မယ် လို့ ကျွန်တော်တို့ဘက်က သုံးသပ်တယ်။ ဒီဘက်ကပစ်ချလိုက်လို့ ပျက်ကျသွားတာတော့ အတည်ပြုနိုင် တယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ဝိုင်းမော်မြို့နယ်၊ ကန်တောယာန်ကျေးရွာရှိ နာဖော့စစ် စခန်းသို့ လာရောက်သည့် စစ်ရဟတ်ယာဉ်နှစ်စီးမှ တစ်စီးကို ပစ်ချလိုက်ခြင်းဖြစ်ပြီး မီးလောင်ပြီးပျက်ကျသွားသည်ဟု သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဘက်မှ ဂျက်ဖိုက်တာနှင့် ကင်းထောက်လေယာဉ်များ ပျံသန်းလျက်ရှိကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

#ကချင်#ဝိုင်းမော်#နာဖော့#စစ်ကောင်စီ#ရဟတ် ယာဉ်#ပျက်ကျ #Ayeyarwaddy_Times