ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂ ရက်
ထိုင်းအစိုးရဟာ ဒီနှစ်မှာ ခရီးသွားလုပ်ငန်းကနေ တိုင်းပြည်စီးပွားရေးအတွက် ဘတ် ၃ ဒသမ ၅ ထရီလီ ယံ ရရှိဖို့ ရည်မှန်းနေပြီး တစ်နှစ်ပတ်လုံး ခရီးသွားနေရာတစ်ခုအဖြစ် မြှင့်တင်ဖို့ စီစဉ်နေပါတယ်။
ထိုင်းနိုင်ငံဟာ ၂၀၂၃ ခုနှစ်အတွင်း ပြည်ပခရီးသွား ၂၇ သန်းကျော် လက်ခံခဲ့ပြီး အများဆုံးက မလေးရှားခ ရီးသွားတွေဖြစ်ကာ ဒုတိယအများဆုံးက တရုတ်နိုင်ငံသားတွေဖြစ်တယ်လို့ အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ချိုင်ဝါ ချာရွန်ကဲက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလ ၁ ရက်မှ ဒီဇင်ဘာလ ၂၄ ရက်အထိ ထိုင်းနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည် ၂၇ ဒသမ ၂၅ သန်း လာရောက်လည်ပတ်ခဲ့ရာ ထိုင်းအစိုးရရဲ့ ကမ္ဘာလှည့်ခရီးသည် ၂၅ သန်းမှ ၂၈ သန်းအထိ ဆွဲဆောင်ဖို့ ပစ်မှတ်နဲ့ ကိုက်ညီခဲ့ပါတယ်။
မလေးရှားနိုင်ငံမှ ကမ္ဘာလှည့်ခရီးသွား ၄ ဒသမ ၄၄ သန်း၊ တရုတ်နိုင်ငံမှ ၃ ဒသမ ၄၂ သန်း၊ တောင်ကိုရီး ယားမှ ၁ ဒသမ ၆၂ သန်း၊ အိန္ဒိယမှ ၁ ဒသမ ၅၉ သန်းနဲ့ ရုရှားနိုင်ငံမှ ၁ ဒသမ ၄၃ သန်း ထိုင်းနိုင်ငံသို့ လာရောက်ခဲ့ တယ်လို့ ခရီးသွားလုပ်ငန်းနှင့် အားကစားဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။
ဒီဇင်ဘာလ ၁၈ ရက်မှ ၂၄ ရက်အတွင်း ကမ္ဘာလှည့်ခရီးသည် ၈၀၀၀၀၀ နီးပါး ထိုင်းနိုင်ငံသို့ လာရောက် ခဲ့ရာ ပြီးခဲ့တဲ့သီတင်းပတ်ကထက် ၁၆ ဒသမ ၆ ရာခိုင်နှုန်းကျော် များလာခဲ့တယ်လို့ ချိုင်ဝါချာရွန်ကဲက ပြောပါ တယ်။
ထိုင်းအစိုးရက ဒီနှစ်အတွင်း ခရီးသွားလုပ်ငန်းမှ ဝင်ငွေ ဘတ် ၃ ဒသမ ၅ ထရီလီယံ ရရှိဖို့ ရည်မှန်းထား ပြီး ထိုင်းနိုင်ငံသို့ တစ်နှစ်ပတ်လုံး လာရောက်လည်ပတ်နိုင်တဲ့ ခရီးသွားနယ်မြေတစ်ခုဖြစ်ဖို့ အာဏာပိုင်တွေက ကြိုးပမ်းနေပါတယ်။
ပြည်တွင်းခရီးသွားများထံမှ ဝင်ငွေ ဘတ် တစ်ထရီလီယံနဲ့ ပြည်ပခရီးသွားများထံမှ ဘတ် ၂ ဒသမ ၅ ထရီ လီယံရရှိဖို့ ထိုင်းအစိုးရက မျှော်မှန်းတယ်လို့ သူက ဆက်ပြောပါတယ်။
ထိုင်းနိုင်ငံက ကာဇတ်စတန်နဲ့တရုတ်နိုင်ငံမှ ကမ္ဘာလှည့်ခရီးသွားတွေကို ဖေဖော်ဝါရီလ ၂၉ ရက်အထိ ရက် ၃၀ ဗီဇာမလိုဘဲ နေထိုင်ခွင့်ပြုပါတယ်။
ရုရှားနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူတွေဟာ ဧပြီလ ၃၀ ရက်အထိ ထိုင်းနိုင်ငံမှာ ဗီဇာမလိုဘဲ ရက် ၉၀ နေထိုင်နိုင်သလို အိန္ဒိယနဲ့ ထိုင်ဝမ်ခရီးသွားတွေကို မေလ ၁၀ ရက်အထိ ရက် ၃၀ နေထိုင်ခွင့်ပြုပါတယ်။
ခိုရတ်ဉယျာဉ်ကို မေလအတွင်း ယူနက်စကို အမွေအနှစ်စာရင်း ကြေညာပြီးနောက် နာခွန်ရတ်ချာစီမာ ဟာ ထိုင်းနိုင်ငံမှာ ယူနက်စကိုအမွေအနှစ် ၃ ခုရှိတဲ့ ပထမဆုံးပြည်နယ် ဖြစ်လာခဲ့ပါတယ်။
ကိုးကား – Bangkok Post
Ref; Govt sets ambitious B3.5tr tourism target for ‘24