ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၃၁ ရက်

လက်နက်ကိုင်ပဋိပက္ခကြောင့် မြန်မာနိုင်ငံမြောက်ပိုင်းမှာ ပိတ်မိနေတဲ့ ဗီယက်နမ်နိုင်ငံသား ၄၀၀ နီးပါး ကို စနေနေ့နံနက်ပိုင်းက နေရပ်ပြန်ပို့လိုက်ပြီလို့ သိရပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်းမှာ သောင်တင်နေတဲ့ ဗီယက်နမ်နိုင်ငံသားတွေ နေရပ်ပြန်ပို့ရေးကြိုးပမ်းမှုကို နိုင်ငံ ခြားရေးဝန်ကြီးဌာန၊ ပြည်တွင်းရှိ သက်ဆိုင်ရာအေဂျင်စီတွေ၊ ဒေသတွင်းရှိ ဗီယက်နမ်ကိုယ်စားလှယ်ရုံးတွေက ပူး ပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

ဒီဇင်ဘာလ ၄ ရက်မှ ၆ ရက်အထိ မြန်မာနိုင်ငံမြောက်ပိုင်း တိုက်ပွဲတွေမှာ ပိတ်မိနေတဲ့ ဗီယက်နမ်နိုင်ငံ သားတွေကို ပထမဆုံးအကြိမ် နေရပ်ပြန်ပို့ခဲ့တာကြောင့် ဒါဟာ ဒုတိယမြောက် ဗီယက်နမ်နိုင်ငံသားတွေကို နေရပ် ပြန်ပို့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံက တိုက်ပွဲတွေမှာ ပိတ်မိနေတဲ့ ဗီယက်နမ်နိုင်ငံသားတွေကို နေရပ်ပြန်ပို့တာ လက်ရှိအချိန်ထိ ၁၄၀၀ နီးပါး ရှိလာခဲ့ပြီး ကုန်ကျစရိတ်အားလုံးကို အစိုးရက ကျခံတာဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံက နီပေါနိုင်ငံ သားတစ်ဉီးကိုလည်း မြန်မာနိုင်ငံမှ နေရပ်ပြန်နိုင်ဖို့ ကူညီခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ပဋိပက္ခက ရှုပ်ထွေးစွာ ဖြစ်ပွားနေတာကြောင့် တိုက်ပွဲဖြစ်ရာနေရာတွေကို သွားရောက် တာ ရှောင်ကြဉ်ကြဖို့၊ မြန်မာနိုင်ငံရှိ ဗီယက်နမ်သံရုံး၊ သက်ဆိုင်ရာ ဒေသန္တရအေဂျင်စီတွေရဲ့ ညွှန်ကြားချက်တွေကို လိုက်နာကြဖို့ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

ပညာအရည်အချင်း သို့မဟုတ် ဘွဲ့လက်မှတ်မလိုဘဲ ပြည်ပတိုင်းပြည်တွေမှာ လစားကောင်းကောင်း အ လုပ်လုပ်ရမယ်ဆိုတဲ့ လူလိမ်တွေ ကတိပြုတဲ့ အွန်လိုင်းငွေလိမ်အလုပ်တွေကို ဗီယက်နမ်နိုင်ငံသားတွေ သတိထား သင့်တယ်လို့လည်း ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးခဲ့ပါတယ်။

ကိုးကား – VN Express
Ref; More stranded Vietnamese citizens repatriated from northern Myanmar

#Ayeyarwaddy_Tiimes