ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၃၀ ရက်

လွန်ခဲ့သော ၄ လကတည်းက လူမြင်ကွင်းမှ ပျောက်ကွယ်ခဲ့တဲ့ ဝန်ကြီးနေရာကို အစားထိုးဖို့ တရုတ်နိုင်ငံ က ဒီဇင်ဘာလ ၂၉ ရက်မှာ ဒေါင်ဂျန်ကို ကာကွယ်ရေးဝန်ကြီးသစ်အဖြစ် ခန့်အပ်လိုက်ပါတယ်။

တရုတ်စစ်တပ်ကို ကမ္ဘာ့အင်အားကြီးစစ်တပ်တစ်ခုဖြစ်စေဖို့ တွန်းအားပေးမှု တစ်စိတ်တစ်ဒေသအဖြစ် သမ္မတ ရှီကျင့်ဖျင်က စစ်တပ်ကို အဆင့်မြှင့်တင်လျက်ရှိချိန်မှာ တရုတ်လွှတ်တော်အမတ်တွေက ဒေါင်ဂျန်ကို ကာ ကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်လိုက်တာပါ။

တရုတ် ကာကွယ်ရေးဝန်ကြီးရဲ့ အခန်းကဏ္ဍက မီဒီယာတွေ၊ အခြားလက်နက်ကိုင်အဖွဲ့တွေနဲ့ ထိတွေ့ ဆက်ဆံရာမှာ တရုတ်စစ်တပ်ကို ကိုယ်စားပြုပြီး တွေ့ဆုံရာတာဖြစ်ပါတယ်။

အသက် ၆၂ နှစ်အရွယ် ဒေါင်ဂျန်အတွက် ထိုင်ဝမ်၊ တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်လို့ ပဋိပက္ခ ဖြစ်နိုင်တဲ့အန္တရာယ်တွေ လျှော့ချဖို့ အမေရိကန်စစ်တပ်နဲ့ ထိတွေ့ဆက်ဆံမှုက အထူးအဆန်းမဟုတ်ပါဘူး။

ဒေါင်ဂျန်ဟာ ၂၀၂၁ ခုနှစ်မှာ တရုတ်ရေတပ်အကြီးအကဲ ဖြစ်မလာမီ ထိုင်ဝမ်အရေး အဓိကကိုင်တွယ်ရတဲ့ အရှေ့ပိုင်းစစ်နယ်ဝန်းရဲ့ အသက်သွေးကြောဖြစ်တဲ့ အရှေ့ရေယာဉ်စုရဲ့ ဒုတိယတပ်မှူးဖြစ်ခဲ့ပါတယ်။

ဒေါင်ဂျန်ဟာ အငြင်းပွား တောင်တရုတ်ပင်လယ်တွင်း တရုတ်စစ်သင်္ဘောတွေကို ကိုင်တွယ်ရတဲ့ တောင် ပိုင်းစစ်နယ်ဝန်းရဲ့ ဒုတိယတပ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

မတ်လအတွင်း ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခြင်းမခံရမီ စစ်လက်နက်ဝယ်ယူရေးနဲ့ သုသေသန ဌာနကို ဉီးဆောင်ခဲ့တဲ့ လီရှန်ဖူရဲ့နေရာမှာ ဒေါင်ဂျန်ကို အစားထိုးခဲ့တာဖြစ်ပါတယ်။

စစ်လက်နက်ဝယ်ယူရေးနဲ့ ထုတ်လုပ်ရေးနဲ့ဆက်စပ်တဲ့ အကျင့်ပျက်ချစားမှုတွေကြောင့် လီရှန်ဖူက စုံစမ်း စစ်ဆေးမှုခံနေရတယ်လို့ ရိုက်တာသတင်းဌာနက သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။

ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့စဉ် လီရှန်ဖူဟာ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စ တင်နဲ့ တွေ့ဆုံခဲ့တာမရှိပါဘူး။

ကိုးကား – Reuters
Ref; China appoints new defence minister to replace ousted Li Shangfu

#Ayeyarwaddy_Times