ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၉ ရက်

မြောက်ကိုရီးယားနိုင်ငံက နယ်ချဲ့ဆန့်ကျင်ရေး လွတ်လပ်သောတိုင်းပြည်တွေနဲ့ မဟာဗျူဟာမြောက် ပူး ပေါင်းဆောင်ရွက်မှု တိုးချဲ့မယ်လို့ ခေါင်းဆောင်ကြီး ကင်ဂျုံအန်က အာဏာရပါတီရဲ့ အရေးပါတဲ့ အစည်းအဝေး မှာ မူဝါဒလမ်းညွှန်ချက်အဖြစ် ပြောကြားခဲ့ပါတယ်။

“စစ်ပွဲဆင်နွှဲရေး ကြိုတင်ပြင်ဆင်မှုတွေ အရှိန်မြှင့်မယ့် စစ်တပ်နဲ့ လက်နက်ခဲယမ်းလုပ်ငန်း၊ နျူကလီး ယားလက်နက်နဲ့ ပြည်သူ့ကာကွယ်ရေးနယ်ပယ်တွေအတွက် စစ်ရေးတာဝန်တွေကို ကင်ဂျုံအန်က သတ်မှတ်ခဲ့ပါ တယ်” လို့ နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြပါတယ်။

ယူကရိန်းစစ်ပွဲမှာ အသုံးပြုမယ့် စစ်လက်နက်တွေ မြောက်ကိုရီးယားက ရုရှားသို့ ပေးပို့ခဲ့တယ်လို့ အမရိ ကန်နိုင်ငံက စွပ်စွဲခဲ့တာကြောင့် မြောက်ကိုရီးယားက ရုရှားနဲ့ ဆက်ဆံရေးတိုးမြှင့်နေပြီး ရုရှးကလည်း မြောက်ကို ရီးယားသို့ ခေတ်မီ စစ်ဘက်ဆိုင်ရာနည်းပညာတွေ ပံ့ပိုးပေးခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံရဲ့ ၅ နှစ် ဖွံ့ဖြိုးရေးစီမံကိန်း ပြီးမြောက်ဖို့ နှစ်သစ်အတွက် ကင်ဂျုံအန်က စီးပွား ရေး ရည်မှန်းချက်တွေ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

သဘာဝဘေးအန္တရာယ်တွေ ကျရောက်မှုရဲ့ ရလဒ်တစ်ခုအဖြစ် မြောက်ကိုရီးယားနိုင်ငံဟာ ပြီးခဲ့တဲ့ဆယ် စုနှစ်တွေအတွင်း အလွန်ဆိုးရွားသော စားနပ်ရိက္ခာပြတ်လပ်မှုတွေ ကြုံတွေ့ခဲ့ရပါတယ်။

ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်း မြောက်ကိုရီးယားနိုင်ငံက နယ်စပ်ဂိတ်တွေ ပိတ်ထားမှုက စားနပ် ရိက္ခာလုံခြုံမှုကို ပိုမိုဆိုးရွားစေခဲ့တယ်လို့ နိုင်ငံတကာ ကျွမ်းကျင်သူတွေက သတိပေးခဲ့ပါတယ်။

ရာသီဉတုအခြေအနေ ကောင်းမွန်တာကြောင့် မြောက်ကိုရီးယားနိုင်ငံရဲ့ ကောက်ပဲသီးနှံထုတ်လုပ်မှုက ၂၀၂၃ ခုနှစ်အတွင်း နှစ်အလိုက် တိုးတက်လာခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံရဲ့ ကောက်ပဲသီးနှံထုတ်လုပ်မှုက ကြောက်မတ်ဖွယ်ရာ စားနပ်ရိက္ခာ အကျပ်အ တည်းကိုဖြေရှင်းဖို့ လိုအပ်တဲ့ ပမာဏထက် နည်းပါးနေဆဲပဲလို့ တောင်ကိုရီးယား တာဝန်ရှိသူတစ်ဉီးက ပြောပါ တယ်။

ကိုးကား – Reuters
Ref; North Korean leader Kim orders military to accelerate war preparations

#Ayeyarwaddy_Times