
ဧရာဝတီတိုင်းမ်
(ရိခေါဒါရ်)၊ ဒီဇင်ဘာ ၂၈ ရက်
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့တွင် ဌာနဆိုင်ရာရုံးအချို့ကို ဖွင့်လှစ်ကာ ဝန်ထမ်းတချို့ဖြင့် စတင်လည်ပတ်နေပြီး ကျန်ရှိနေသေးသော ဌာနဆိုင်ရာရုံးများလည်း လည်ပတ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လက်ရှိရိခေါ်ဒါရ်မြို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးနှင့် စည်ပင်ရုံးတို့ကို စတင်လည်ပတ်နေပြီ ဖြစ်ကြောင်းသိရပြီး ဝန်ထမ်းအသစ်များခန့်အပ်ထားသလို တာဝန်ထမ်းဆောင်လိုသော CDM များကိုလည်း ဖိတ်ခေါ်လျက်ရှိကြောင်း မြို့ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။
“CDMတွေကို ကျွန်တော်တို့ ဖိတ်ခေါ်နေပါတယ်။ သူတို့ရဲ့ ကဏ္ဍအလိုက် ကျွန်တော်တို့ ဖွင့်ပေးထားပါတယ်။ လောလောဆယ်အနေနဲ့ အလုပ်ဖြစ်မြောက်နိုင်ရန်အတွက် ကျွန်တော်တို့ လူခန့်ထားတာတွေ လုပ်ပါတယ်။ သို့သော် CDMတွေ အနေနဲ့ သူတို့ရဲ့အလုပ်ကို ဆက်လက်တာဝန်ထမ်းဆောင်ချင်တယ်ဆိုရင် အခုချိန်မှာ လမ်းဖွင့်နေပါတယ်” ဟု ဟွာလ်ငိုးရမ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ အထွေထွေအတွင်းရေးမှူးဂျွန်ရိုဗာက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရိခေါဒါရ်မြို့ရှိ ဌာနဆိုင်ရာရုံးများတွင် တာဝန်ထမ်းရန်အတွက် CDM ဌာနနှင့် စိစစ်ဆောင်ရွက်မှုများပြုလုပ်၍ ရိခေါဒါရ်မြို့တွင် တာဝန်ထမ်းဆောင်ရန်အတွက် CDM ပြုလုပ်ထားသူများကို ပထမဦးဆုံးဦးစားပေးသွားမည်ဖြစ်ပြီး တခြားဒေသမှ CDM ပြုလုပ်သူများကိုလည်း ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်းသိရသည်။
ပုံစာ-ရိခေါဒါရ်မြို့။
#ရိခေါဒါရ်မြို့ #အုပ်ချုပ်ရေးစနစ်စတင်လည်ပတ် #CDMဝန်ထမ်းများ #တာဝန်ထမ်းဆောင်ရန်ဖိတ်ခေါ် #Ayeyarwaddy_Times