
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၇ ရက်
အီရန်နိုင်ငံက ကျောထောက်နောက်ခံပြုထားတဲ့ စစ်သွေးကြွအဖွဲ့တွေရဲ့ အမေရိကန်တပ်ဖွဲ့တွေအပေါ် စီး နင်းတိုက်ခိုက်မှုတွေကို လက်တုံ့ပြန်မှုအနေနဲ့ အမေရိကန်တပ်ဖွဲ့တွေက အီရတ်နိုင်ငံရှိ အဆိုပါစစ်သွေးကြွအဖွဲ့ တွေ အသုံးပြုတဲ့ စစ်ဘက်စခန်းတွေကို တိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ပြောပါ တယ်။
အမေရိကန်စစ်တပ်ဟာ အီရတ်နိုင်ငံရှိ ကာတိတ်ဘ်ဟစ်ဇ်ဘိုလာအဖွဲ့၊ ယင်းနဲ့ဆက်နွှယ်တဲ့အဖွဲ့တွေ အ သုံးပြုတဲ့ စစ်စခန်း ၃ ခုကို တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ အော်စတင်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါ တယ်။
“ဒီလိုတိကျတဲ့တိုက်ခိုက်မှုတွေဟာ အီရန်နိုင်ငံက ပံ့ပိုးပေးထားတဲ့ စစ်သွေးကြွအဖွဲ့တွေရဲ့ အီရတ်နဲ့ ဆီး ရီးယားနိုင်ငံရှိ အမေရိကန်တပ်ဖွဲ့ဝင်တွေအပေါ် ဆက်တိုက် တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်မှုဖြစ်ပါတယ်” လို့ သူ က ဆိုပါတယ်။
တနင်္လာနေ့က အီရတ်နိုင်ငံရှိ အမေရိကန်လေတပ်အခြေစိုက်စခန်းတစ်ခုအပေါ် စစ်သွေးကြွအဖွဲ့တွေရဲ့ တိုက်ခိုက်မှုတစ်ခုအတွင်း တပ်ဖွဲ့ဝင် ၃ ဉီး ဒဏ်ရာရရှိခဲ့ပြီး တစ်ဉီးက အရေးပေါ်အခြေအနေလို့ သူက ဆက်ပြောပါ တယ်။
“အမေရိကန်နိုင်ငံ၊ ကျွန်တော်တို့တပ်ဖွဲ့တွေနဲ့ ကျွန်တော်တို့အကျိုးစီးပွားကို ကာကွယ်ပေးမယ့် လိုအပ် သောလုပ်ဆောင်ချက်တွေ ဆောင်ရွက်ဖို့ တုံ့ဆိုင်းမှာမဟုတ်ဖူး” လို့ အော်စတင်က ဆိုပါတယ်။
တနင်္လာနေ့က အီရတ်နိုင်ငံမြောက်ပိုင်း ဒရုန်းတိုက်ခိုက်မှုတစ်ခုအတွင်း အမေရိကန်တပ်ဖွဲ့ဝင်တွေ တိုက် ခိုက်ခံခဲ့ရတယ်လို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ အက်ဒရီယန်နီဝပ်ဆင်က ထုတ် ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
အစ္စရေးနဲ့ ပါလက်စတိုင်း အစ္စာလာမ္မစ်အဖွဲ့ ဟားမာစ်ကြား စစ်ပွဲစတင်ချိန်နောက် အီရန်နိုင်ငံက ကျော ထောက်နောက်ခံပြုထားတဲ့ စစ်သွေးကြွအဖွဲ့တွေဟာ အီရတ်နိုင်ငံရှိ အမေရိကန်စစ်ဘက်စခန်းတွေကို တိုက်ခိုက် လျက်ရှိပါတယ်။
အမေရိကန်စစ်ဘက်စခန်းတစ်ခုအပေါ် ဒရုန်းနဲ့တိုက်ခိုက်မှုဟာ အီရတ်နိုင်ငံတွင်း အမေရိကန်တပ်ဖွဲ့တွေ ကျူးကျော်တပ်စွဲမှုနဲ့ အစ္စရေးနိုင်ငံရဲ့ ဂါဇာကမ်းမြောင်ဒေသက သတ်ဖြတ်မှုတွေအတွက် လက်တုံ့ပြန်မှုဖြစ်ပြီး အမေရိကန်တပ်ဖွဲ့တွေအပေါ် တိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်မယ်လို့ စစ်သွေးကြွတွေက လူမှုကွန်ရက်မှာ ပြောပါတယ်။
ကိုးကား – NHK
Ref; US retaliates on facilities used by Iran-backed militants in Iraq, Austin says