ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၃ ရက်

ယူကရိန်းနိုင်ငံတောင်ပိုင်းမှာ ရုရှားဗုံးကြဲလေယာဉ် ၃ စင်း ပစ်ချခံခဲ့ရတယ်လို့ ယူကရိန်းလေတပ်ဖွဲ့က ဒီဇင်ဘာလ ၂၂ ရက်မှာ ပြောကြားခဲ့ပါတယ်။

“ဒီနေ့ ရုရှား Su-34 ဂျက်တိုက်လေယာဉ် ၃ စင်းကို ပစ်ချခဲ့ပါတယ်” လို့ ယူကရိန်းလေတပ်ဖွဲ့က ထုတ် ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

ယူကရိန်း လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက တိုင်းပြည်တောင်ပိုင်းမှာ Su-34 တိုက်လေ ယာဉ် ၃ စင်းကို ပစ်ချခဲ့တယ်လို့ ယူကရိန်းလေတပ်ဖွဲ့ရဲ့ တပ်မှူး မိုင်ကိုလာအိုလက်ချက်ခ်က အတည်ပြုခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်အသေးစိတ်ကို အတည်မပြုနိုင်သေးပေမယ့် Su-34 တိုက်လေယာဉ် ၃ စင်းကို ပစ်ချတယ်ဆိုတဲ့ သတင်းသာမှန်ကန်ပါက ရုရှားလေတပ်ဖွဲ့အတွက် ထိုးနှက်ချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။

သောကြာနေ့အစောပိုင်းမှာ ရုရှားဒရုန်း ၂ ဒါဇင်ကျော်က ကိယက်ဗ်မြို့တော်ကို တိုက်ခိုက်ခဲ့ရာ လူနှစ်ဉီး ဒဏ်ရာရရှိခဲ့ပြီး လူနေအဆောက်အအုံတွေ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒါဟာ ဒီလအတွင်း ကိယက်ဗ်မြို့တော်ကို ခြောက်ကြိမ်မြောက် ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ယူက ရိန်းလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က ရုရှားဒရုန်း ၂၈ စင်းအနက် ၂၄ စင်းကို ပစ်ချခဲ့ပါတယ်။

ရုရှားဒရုန်းတစ်စင်းရဲ့တိုက်ခိုက်မှုကြောင့် လူနေအဆောက်အအုံတစ်လုံးကို ထိမှန်ခဲ့ရာ မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ပေမယ့် ထိန်းချုပ်နိုင်ခဲ့တယ်လို့ ကိယက်ဗ်မြို့တော်ဝန် ဗီတာလီကလစ်ချ်ကိုက ပြောပါတယ်။

အထပ်မြင့်အဆောက်အအုံရဲ့ ၂၄၊ ၂၅ နဲ့ ၂၆ ထပ်မှာရှိတဲ့ လူနေတိုက်ခန်းတွေ တိုက်ခိုက်မှုကြောင့် ထိခိုက် ပျက်စီးခဲ့ပြီး လူနှစ်ဉီး ဒဏ်ရာရရှိခဲ့တယ်လို့ အရေးပေါ်ကယ်ဆယ်ရေးဌာနက ပြောပါတယ်။

ရုရှား-ယူကရိန်းပဋိပက္ခမှာ ဒရုန်းတွေက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာကြောင့် ယူကရိန်း နိုင်ငံက လာမယ့်နှစ်မှာ ကင်းထောက်ဒရုန်းနဲ့ တိုက်ခိုက်ရေးဒရုန်း တစ်သန်းအထိ ထုတ်လုပ်ဖို့ ကြိုးပမ်းနေပါ တယ်။

ကိုးကား – The Standard
Ref; Three Russian bomber aircraft ‘shot down’ over south Ukraine

#Ayeyarwaddy_Times