
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၂ ရက်
မြန်မာစစ်တပ်ဟာ အရပ်သားတွေအပေါ် ရမ်းသမ်းတိုက်ခိုက်မှုတွေ ကျူးလွန်ခဲ့ပြီး တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တွေကို တိုက်ခိုက်ရာမှာ ပိတ်ပင်ထားတဲ့ ကလပ်စတာလက်နက်တွေ အသုံးပြုခဲ့ဖွယ်ရှိတယ်လို့ အ ပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က ဒီဇင်ဘာလ ၂၁ ရက်မှာ ပြောကြားခဲ့ပြီး သံသယဖြစ်ဖွယ်ရာ စစ်ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ တောင်းဆိုလိုက်ပါတယ်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့က တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရ ခိုင်ပြည်နယ်က စစ်စခန်းတွေအပေါ် တိုက်ခိုက်မှုတွေကြောင့် မြန်မာစစ်ကောင်စီဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု နောက်ပိုင်း အကြီးမားဆုံး စစ်မြေပြင်စိန်ခေါ်မှု ရင်ဆိုင်နေရပါတယ်။
ဒီဇင်ဘာလအစောပိုင်းက ရှမ်းပြည်နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုမှာ ကလပ်စတာဗုံး တွေ အသုံးပြုခဲ့ဖွယ်ရှိတယ်လို့ လက်နက်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးမှူးရဲ့ ခွဲခြမ်းစိတ်ဖြာမှု အထောက်အထားကို ကိုးကားပြီး AI က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဉီး သေဆုံးခဲ့ပြီး ငါးဉီး ဒဏ်ရာရရှိခဲ့တယ် လို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် တအောင်းအဖွဲ့ TNLA ရဲ့ ပြောကြားချက်အရ သိရပါတယ်။
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ရှိ အရပ်သားတွေဟာ လုယက်မှု၊ အကြောင်းမဲ့ဖမ်းဆီးမှု၊ လူသားမဆန် သော ဆက်ဆံမှုနဲ့ နှိပ်စက်မှုတွေ ကြုံတွေ့ခဲ့ရတယ်လို့ အရပ်သား ၁၀ ဉီးနဲ့ အင်တာဗျူးတွေကို ကိုးကားပြီး AI က ပြောပါတယ်။
“မြန်မာစစ်တပ်ဟာ လက်နက်ကိုင်အဖွဲ့တွေရဲ့ ထိုးစစ်ဆင်မှုကို လက်တုံ့ပြန်ဖို့ အရပ်သားတွေအတွက် ထိ ခိုက်ပျက်စီးမှု အကျိုးဆက်တွေဖြစ်စေတဲ့ ရမ်းသမ်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်” လို့ AI ရဲ့ အကျပ်အတည်း တုံ့ပြန်ရေးအစီအစဉ် ညွှန်ကြားရေးမှူး မတ်ဝဲလ်က ပြောပါတယ်။
အောက်တိုဘာလနှောင်းပိုင်းမှာ စတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် လူပေါင်း ၃၀၀၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ခဲ့ရပြီး အာဏာသိမ်းမှုနောက်ပိုင်း နေရပ်စွန့်ခွာရသူ ၂ သန်းကျော် ရှိလာခဲ့ပြီလို့ ကုလသမဂ္ဂရဲ့ပြောကြားချက်အရ သိရပါတယ်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့က ထိုးစစ်ဆင်မှု ဆက်လုပ်မယ်လို့ ပြောပေမယ့် စစ်တပ်နဲ့ တော်လှန်ရေးတပ် ဖွဲ့တွေကြား အပစ်အခတ်ရပ်စဲဖို့ စေ့စပ်ဖျန်ဖြေပေးခဲ့တယ်လို့ တရုတ်နိုင်ငံက ပြောပါတယ်။
မြန်မာစစ်တပ်ဟာ အကြောင်းမဲ့ဖမ်းဆီးခြင်း၊ လူသားဒိုင်းအဖြစ် အသုံးပြုခြင်းနှင့် နှိပ်စက်ခြင်း အပါအဝင် အရပ်သားတွေကို ခြိမ်းခြောက်ခဲ့တယ်လို့ AI က အစီရင်ခံစာ မထုတ်ပြန်ပြီ မြောက်ပိုင်းမဟာမိတ်အဖွဲ့က ထုတ် ပြန်ချက်တစ်ခုအတွင်း ပြောကြားခဲ့ပါတယ်။
ကိုးကား – Reuters
Ref; Myanmar junta accused of war crimes over response to rebel offensive