ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဒီဇင်ဘာ ၂၀ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအနီးတွင်ရှိသည့် စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Guerilla Revolutionary Force -DGRF တပ်ဖွဲ့ထံက သိရသည်။

ထားဝယ်မြို့ နယ်၊မောင်မယ်ရှောင်ကျေးရွာအနီးရှိဘုရားမဲစစ်ဆေးရေးဂိတ်ကို ပြီးခဲ့သည့် ဒီဇင်ဘာ ၁၈ ရက် မွန်းလွဲ ၁ နာရီခန့်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အလစ်အငိုက်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ သူတို့ (စစ်ကောင်စီတပ်) စစ်ဆေးရေးဂိတ်ကို အလစ်အငိုက်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။မျက်စိရှေ့မှာတင် နှစ်ကောင် သေတာတွေ့တယ်” ဟု DGRF ပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါပစ်ခတ်တိုက်ခိုက်မှုကို Dawei Guerilla Revolutionary Force -DGRF တပ်ခွဲ (၂) နှင့် ဥသြစစ်ကြောင်းတို့ မှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး

တော်လှန်ရေးတပ်ဖွဲ့ဝင် နှစ်ဦး လက်နက်ကြီးထိမှန်ဒဏ်ရာရရှိခဲ့သော်လည်း ဆေးအဖွဲ့၏ အချိန်မီ ကုသမှုကြောင့် စိုးရိမ်စရာ အခြေအနေမရှိကြောင်းသိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ နှင့် ဒီဇင်ဘာလ အတွင်းက စစ်ကောင်စီ တပ်ဖွဲ့ဝင်များ နှင့် တော်လှန်​ရေးတပ်ဖွဲ့ဝင်များထိတွေ့တိုက်ပွဲ၊ ပျောက်ကြားပစ်ခတ်မှုများ မကြာခဏဖြစ်ပွားလျက်ရှိပြီး ခဲယမ်းလိုအပ်ချက်များရှိကာ ပြည်သူလူထုအနေဖြင့် ထောက်ပံ့ကူညီပေးကြပါရန် DGRF တပ်ဖွဲ့ကမေတ္တာရပ်ခံတောင်းဆိုထားသည်။

ပုံစာ-ဘုရားမဲစစ်ဆေးရေးဂိတ်ကိုသွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့စဥ်
#ထားဝယ်​ #ဘုရားမဲစစ်ဆေးရေးဂိတ် #အလစ်ငိုက်တိုက်ခိုက်မှု #စစ်ကောင်စီတပ်သား #နှစ်ဦးသေဆုံး
#Ayeyarwaddy_Times