ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၉ ရက်

ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ မြန်မာနယ်စပ်အနီး ထိုင်းနိုင်ငံမြောက်ပိုင်း ဝေးလံခေါင်ဖျားဒေသက ပစ် ခတ်မှုတစ်ခုအတွင်း သံသယဖြစ်ဖွယ် မူးယစ်မှောင်ခိုသမား ၁၅ ဦးကို သုတ်သင်ခဲ့တယ်လို့ ကြည်းတပ် တာဝန်ရှိသူ တစ်ဉီးက ဒီဇင်ဘာလ ၁၈ ရက်မှာ ပြောကြားခဲ့ပါတယ်။

မူးယစ်မှောင်ခို အချက်အချာနေရာဖြစ်တဲ့ ထိုင်း၊ မြန်မာနဲ့ လာအိုနိုင်ငံတို့ နယ်နိမိတ်ချင်းထိစပ်ရာ ရွှေတြိ ဂံဒေသနဲ့ ကပ်လျက်တည်ရှိတဲ့ ချင်းရိုင်ပြည်နယ်၊ မယ်ဖာလုံခရိုင်မှာ စနေနေ့ညနေပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲဖြစ်ပွားပြီးနောက် ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေက အိတ် ၁၇ လုံးအတွင်း ထည့်ထားတဲ့ အန်ဖက် တမင်းဆေးပြား ၂ သန်းကို တွေ့ရှိခဲ့တယ်လို့ အဆိုပါကြည်းတပ်အရာရှိက ဆိုပါတယ်။

“သေဆုံးသူ ၁၅ ဦးက ထိုင်းနိုင်ငံသားတွေ သို့မဟုတ် အခြားနိုင်ငံခြားတွေ ဟုတ် မဟုတ် ကျွန်တော်တို့ အ ခုထိ အတည်မပြုနိုင်သေးပါဘူး” လို့ အမည်မဖော်လိုတဲ့ အဆိုပါကြည်းတပ်အရာရှိက ပြောပါတယ်။

မြန်မာနိုင်ငံဟာ တရားမဝင် အန်ဖက်တမင်းဆေးပြားတွေ အဓိက ထုတ်လုပ်တဲ့နိုင်ငံဖြစ်ပြီး အဆိုပါမူး ယစ်ဆေးတွေကို ထိုင်း၊ လာအိုနိုင်ငံမှတစ်ဆင့် တင်ပို့ပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံက ကစဉ့်ကလျားအခြေအနေ ဖြစ်ခဲ့ပြီး တိုင်းပြည်စီးပွားရေးက အကြီးအကျယ်ထိခိုက်ခဲ့ပေမယ့် ရှမ်းပြည်နယ်မှာ မူးယစ်ဆေးဝါးထုတ်လုပ်မှု မြင့်တက် လာခဲ့ပါတယ်။

မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ထိုင်းနိုင်ငံမြောက်ပိုင်းတစ်လျှောက် တောင်ကုန်းထူထပ်ရာ ဒေသတွေမှာ စစ်တပ်လှည့်ကင်းတွေနဲ့ မူးယစ်ဆေးဝါး မှောင်ခိုသမားတွေကြား အသေအပျောက်များတဲ့ ပစ်ခတ်မှု ဖြစ်စဉ်တွေ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။

စက်တင်ဘာလအတွင်း ပစ်ခတ်မှုဖြစ်စဉ်တစ်ခုမှာ မှောင်ခိုသမားတစ်ဉီးနဲ့ ရဲတပ်ဖွဲ့တစ်ဉီး သေဆုံးခဲ့ပြီး လွန်ခဲ့သောတစ်နှစ်က ချင်းရိုင်ပြည်နယ်မှာ နယ်စပ်ကို ခြေလျင်ဖြတ်ကျော်ဖို့ကြိုးပမ်းတဲ့ သံသယရှိသူ ၁၅ ဦးကို ထိုင်းစစ်တပ်က ပစ်သတ်ခဲ့ပါတယ်။

ကိုးကား – AFP
Ref; 15 suspected drug smugglers killed in Thai army shootout

#Ayeyarwaddy_Times