
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၉ ရက်
ဧရာ၀တီတိုင်း ပုသိမ်မြို့တွင်ဒီဇင်ဘာလဆန်းမှ ၁၉ရက်နေ့အထိ ဆိုင်ကယ်အစီးရေ၄၀နီးပါးခိုးယူခံခဲ့ရကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူ များထံမှသိရှိရသည်။
” အရင်က ဈေးတို့ လမ်းပေါ်မှာ ရပ်ထားရင်းပျောက်တာ။ ခုနောက်ပိုင်း အိမ်နဲ့ခြံတွေအတွင်းထိ၀င်ခိုးတဲ့အထိအတင့်ရဲလာကြတယ်။ အုပ်စုလိုက်ကို ညဘက်လိုက်ခိုးနေတာ” ဟု ပုသိမ်မြို့ခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ခိုးယူခံရသူများအနေဖြင့် ရဲတပ်ဖွဲ့ကို
တိုင်ကြားသော်လည်း တရားခံဖမ်းဆီးနိုင်ခြင်းမရှိသောကြောင့် ပုသိမ်မြို့ရှိ လူမှုကွန်ယက် Facebook group များတွင် ဆိုင်ကယ်ပုံကိုပြကာတွေ့ရှိပါက အကြောင်းကြားပေးရန် အကူညီတောင်းခံမှုများပြုလုပ် နေကြောင်း သိရသည်။
ပုသိမ်မြို့တွင် ဒီဇင်ဘာလအတွင်း ခိုးမှု၊လုယက်မှုများပိုများလာပြီး နေ့စဉ်ဆိုင်ကယ်ပျောက်မှုနှင့် ဓါးထောက်လုယက်မှုများဖြစ်ပွါးခဲ့ကာတရားခံဖမ်းဆီးရမိခြင်း မရှိကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှသိရှိရသည်။
ပုသိမ်မြို့တွင် စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ အင်အားအများအပြားဖြင့် ကင်းလှည့်နေသော်လည်း တော်လှန်ရေးအင်အားစုများကိုသာ အဓိကထား ဖမ်းဆီးနေသောကြောင့် ခိုဆိုးလုနှိုက် နေ့စဥ်ဖြစ်ပွားနေပြီး ဖော်ထုတ်ဖမ်းဆီးမှုလျော့နည်းလာကြောင်း မြို့ခံများကသုံးသပ်ပြောဆိုသည်။
#ပုသိမ်မြို့ #ဆိုင်ကယ်အစီးရေ၄၀နီးပါး #ခိုးယူခံရ #Ayeyarwaddy_Times