
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၆ ရက်
တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ သောကြာနေ့က အာဆီယံနိုင်ငံတွေမှ သံတမန်တွေနဲ့ တွေ့ဆုံ ကာ တရုတ်နဲ့အာဆီယံကြား ဆက်ဆံရေးနဲ့ မြန်မာနိုင်ငံမြောက်ပိုင်း ပဋိပက္ခတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါ တယ်။
တရုတ်နိုင်ငံက အာဆီယံအဖွဲ့ဝင် နိုင်ငံအများစုနဲ့ အသိုင်းအဝိုင်းတစ်ခု တည်ဆောက်ရေး သဘောတူညီမှု ရရှိခဲ့ပြီး အာဆီယံအဖွဲ့ရဲ့ ယုံကြည်စိတ်ချရသော ရေရှည်မဟာဗျူဟာမြောက် မိတ်ဖက်တိုင်းပြည်တစ်ခုအဖြစ် ဆက်ရှိနေမယ်လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်း စစ်ရေးပဋိပက္ခမှာပါဝင်တဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ယာယီ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့တယ်လို့ သူက ဆိုပါတယ်။
ပဋိပက္ခကို ဖြေရှင်းတာဟာ မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံးရဲ့ အကျိုးစီးပွားကို ဖြည့်ဆည်းပေးပြီး တ ရုတ်နဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအတွက် အကျိုးကျေးဇူးဖြစ်စေတယ်လို့ ဝမ်ယိက ထောက်ပြပါတယ်။
မြန်မာနိုင်ငံတွင်းက လက်ရှိပြဿနာဟာ ပြည်တွင်းရေးသာဖြစ်ပြီး ပြဿနာကိုဖြေရှင်းဖို့ အဓိကအချက် က မြန်မာပြည်သူတွေရဲ့လက်ထဲမှာသာရှိတယ်လို့ သူက ပြောပါတယ်။
မြန်မာ့အရေးကို ကောင်းမွန်စွာ ဖြေရှင်းနိုင်ဖို့ တရုတ်နိုင်ငံက အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ လက်တွဲ ဆောင်ရွက်လိုတယ်လို့ သူက ဆိုပါတယ်။
အာဆီယံနိုင်ငံတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်နိုင်ငံရဲ့ ပံ့ပိုးကူညီမှုအတွက် ကျေးဇူးတင်ရှိကြောင်း အာဆီယံသံတမန်တွေက ပြောကြားခဲ့ပြီး တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး တိုးမြှင့်လိုတယ်လို့ ဆိုပါတယ်။
ဝမ်ယိဟာ အာဆီယံသံအမတ်တွေနဲ့ ကမ္ဘာနဲ့ ဒေသတွင်းဆိုင်ရာ ကိစ္စရပ်တွေအပေါ် အမြင်ချင်းဖလှယ်ခဲ့ ကြတယ်လို့ သိရပါတယ်။
ကိုးကား – CGTN
Ref; Chinese FM Wang Yi meets ASEAN diplomats on relations and N Myanmar