ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၅ ရက်

ကျောင်းကုန်းမြို့နယ်၊ မင်းမနိုင်နယ်မြေစခန်းအပိုင်တွင် ဆိုင်ကယ်နှင့်ဆက်စပ်ဖမ်းဆီရာတွင် ဖုန်းများကိုပါ စစ်ဆေးနေကြောင်း ဒေသခံများထံမှ သိရသည်။

ကျောင်းကုန်းမြို့နယ်၏ အခြားသောနေရာများတွင် ယာဉ်စစ်ဆေးဖမ်းဆီးရာတွင် ဆိုင်ကယ်ဦးထုပ်ပါမပါ စစ်ဆေးခြင်း၊ ယာဉ်လိုင်စင်နှင့် လူလိုင်စင် ပါမပါ စစ်ဆေးခြင်းတို့ကိုသာ ပြုလုပ်သော်လည်း မင်းမနိုင်နယ်မြေတွင် ဖုန်းများကိုပါ စစ်ဆေးနေကြောင်း ဒေသခံများက ပြောသည်။

“သူတို့က ဦးထုပ်တစ်မျိုး ပဲ ဖမ်းတာ မဟုတ်ဘူး ။ ဆိုင်ကယ် စီးလာသူတွေရဲ့ ဖုန်းတွေကိုပါစစ်တာ ပြီးတော့ ဟိုမေးဒီမေးနဲ့ ရွာဘက်ကလူတွေကမသိတော့ ကြောက်ပြီး သိပ်မသွားကြတော့ဘူး။ ဦးထုပ်တောင် မှန်ကာမပါရင် ဖမ်းသေးတာ၊ ကျနော်တို့ကလည်း မသိတော့ ဖမ်းရင် ဒဏ်ငွေပဲဆောင်လိုက်ကြတယ် အခုက ကျောင်းကုန်းမြို့ပေါ်မှာတောင် ဖမ်းရင် ဦးထုပ်ပဲဖမ်းတာ” ဟု မင်းမနိုင် မှ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဖုန်းများကို စစ်ဆေးရာတွင် ကိုယ်ရေးကိုယ်တာ အချက်အလက်များနှင့် ဓာတ်ပုံ၊ဗီဒီယိုများကိုပါ ဖွင့်ကြည့်သဖြင့် ဒေသခံများအနေဖြင့် လူ့အခွင့်ရေးချိုးဖောက်ခံရေသည်ဟု ဆိုသည်။

“သူတို့ကဆိုင်ကယ် ဖမ်းမရရင် ရတာဖမ်းမယ်ဆိုတဲ့သဘောပါ။ ဒီနယ်မှာက ကြံခိုင်ရေးအဖွဲ့တွေကြီးပဲ စစ်တော့လည်း ဘာရှိမှာလဲ။ ဒါပေမဲ့ ဖုန်းထဲမှာက ကိုယ်ပဲသိသင့်တဲ့အချက်အလက်တွေရှိတယ် ဒါကိုလည်း လူလိုနာမလည်းဘူး။ ဓာတ်ပုံတွေ ဗီဒီယို တွေကိုပါလိုက်စစ်တာ ဖွန်ကလည်းကြောင်သေးတယ် “ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ မင်းမနိုင်နယ်မြေစခန်းတွင် နိုဝင်ဘာ လမှစတင်ကာ စခန်းပတ်လည်တွင် လုံခြုံရေးတိုးချထားကာ သံဆူးကြိုးများ၊ ဝါးချွန်း များ ဖြင့် ထပ်မံကာရန်ထားကြောင်း ဒေသခံများထံက သိရသည်။

#ကျောင်းကုန်း #မင်းမနိုင်နယ်မြေစခန်း #ဆိုင်ကယ်နှင့်ဆက်စပ်ဖမ်းဆီရာတွင် #ဖုန်းများကိုပါစစ်ဆေ #Ayeyarwaddy_Times