
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၅ ရက်
ဧရာ၀တီတိုင်းရှိ အကျဥ်းထောင်များမှ လွတ်ငြိမ်းခွင့်ရရှိသည့် စစ်သားဟောင်း ၁၀၀ ကျော် ကိုကွင်းကောက် အမှတ် ၅ လေ့ကျင့်ရေးတပ်သို့ ပို့ဆောင်ထားပြီး သင်တန်းပြန်ပေးနေကြောင်း သိရှိရသည်။
“ပြန်လေ့ကျင့်ရေး လုပ်တဲ့ရက်တိုသင်တန်းသဘောမျိုးပဲ နှစ်ပတ်ပဲကြာမှာ။ ပြီးရင်ရာထူးတစ်ဆင့်တိုးပေးမယ်။ အချို့ ရာဇ၀တ်မှုကျူးလွန်လို့ နှစ်ကြီးကျနေတဲ့သူတွေကတော့ အကြောင်းမဟုတ်ဘူး လွတ်ဖို့လပိုင်းပဲ လိုတဲ့သူတွေကတော့ တက်တက်ကြွကြွမရှိကြဘူး”ဟု စစ်ကောင်စီတပ်နှင့် နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်မ်းကို ပြောသည်။
ထောင်ကပြန်လွှတ်ပေးထားသည့် စစ်ကောင်စီတပ်သားအများစုမှာ စစ်တပ်မှ ထွက်ပြေးသဖြင့် စစ်ပြေးမှုဖြင့် ထောင်ကျနေသူများ ဖြစ်သည့်အတွက် သင်တန်းပြီးပါက ရှေ့တန်းသို့ စေလွှတ်မည်မဟုတ်ပဲ တိုင်းအတွင်းရှိ မြို့တွင်းလုံခြုံရေးအတွက် တာဝန်ပေးသွားမည်ဟု သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၇ ရက်နေ့က အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းပေးသည်ဟုဆိုကာ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပုသိမ်၊ မြောင်းမြ၊ မအူပင်၊ ဖျာပုံ ၊ဟင်္သာတအကျဥ်းထောင်များမှ စစ်ပြေးမှုအပြင်၊စစ်မှုထမ်းချိန်တွင် ရာဇဝတ်ပြစ်မှု ကျူးလွန်သူ ၁၅၀ကျော်ကို တာ၀န်ပြန်ထမ်းဆောင်ရန် စစ်ကောင်စီက လွှတ်ပေးခဲ့သည်။
#ဧရာ၀တီတိုင်း #အကျဥ်းထောင် #လွတ်ငြိမ်းခွင့် #စစ်သားဟောင်း ၁၀၀ ကျော်# ကွင်းကောက် အမှတ်၅လေ့ကျင့်ရေးတပ် #Ayeyarwaddy_Times