
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၇ ရက်
စစ်ကောင်စီ နိုင်ငံရေးတက်ကြွလှုပ်ရှားသူလေးဦးအား ကွက်မျက်လိုက်မှုကို အမေရိကန်နိုင်ငံက ရှုတ်ချ လိုက်ပြီး အကြမ်းဖက်မှု ချက်ချင်း အဆုံးသတ်ဖို့ စစ်ကောင်စီကို တောင်းဆိုလိုက်ပါတယ်။
အကြမ်းဖက်မှုတွေ ကျူးလွန်ရာမှာသုံးစွဲတဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ ဝင်ငွေတွေကို ဖြတ်တောက်မယ့် စီးပွားရေးအစီအမံတွေ အပါအဝင် ရွေးချယ်စရာအားလုံးဟာ စားပွဲဝိုင်းပေါ်မှာရှိတယ်လို့ အမေရိကန် တာဝန်ရှိသူ တွေက ပြောပါတယ်။
မြန်မာစစ်ကောင်စီရဲ့ ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူနဲ့ ရွေးကောက်ခံခေါင်းဆောင်တွေကို ကွက်မျက် လိုက်တဲ့အပေါ် အမေရိကန်နိုင်ငံက အပြင်းထန်ဆုံး ရှုတ်ချပါတယ်လို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
မတရား ထိန်းသိမ်းခံထားရတဲ့သူတွေကို လွှတ်ပေးဖို့နဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ ဒီမိုကရေစီလမ်း ကြောင်းပေါ် ငြိမ်းချမ်းစွာ ပြန်လျှောက်လှမ်းဖို့ အမေရိကန်နိုင်ငံက မြန်မာအာဏာရှင်တွေကို တောင်းဆိုလိုက်ပါ တယ်။
ဒီလို ပြစ်တင်ရှုတ်ချထိုက်တဲ့ အကြမ်းဖက်မှုအပြုအမူက အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးအပေါ် လုံးဝ ဂရုမစိုက်တာကို သာဓကပြနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန် တိုနီဘလင်ကန်က ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီနဲ့ လက်တွဲဆောင်ရွက်စရာ ရှိနိုင်တော့မှာမဟုတ်ဖူးလို့ အမေရိကန် နိုင်ငံခြား ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ပရိုက်စ်က ဇူလိုင်လ ၂ ရက် သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောပါ တယ်။
“မြန်မာစစ်တပ်ကို စစ်လက်နက်တွေရောင်းချတာ ပိတ်ပင်ဖို့၊ အာဏာသိမ်းစစ်ကောင်စီကို ငွေကြေးအကူ အညီပေးအပ်တာ ရှောင်ကြဉ်ဖို့ နိုင်ငံအားလုံးကို ကျွန်တော်တို့ တိုက်တွန်းပါတယ်။ အာဆီယံနိုင်ငံတွေကလည်း ဒေသတွင်းအစည်းအဝေးတွေမှာ နိုင်ငံရေးကိုယ်စားမပြုသူကို တက်ရောက်ခွင့်ပြုဖို့ ကျွန်တော်တို့ တောင်းဆိုပါ တယ်လို့ ၄င်းက ပြောပါတယ်။
အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ ဥက္ကဌ ဘော့မီနန်ဒက်ဇ်ကလည်း အာ ဏာသိမ်းစစ်ကောင်စီကို အရေးယူမှုတွေ အရှိန်မြှင့်လုပ်ဆောင်ဖို့ သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ အစိုးရအဖွဲ့ကို တိုက်တွန်း လိုက်ပါတယ်။
တရုတ်နိုင်ငံက အခြားတိုင်းပြညတွေရဲ့ ပြည်တွင်းရေးမှာ မစွက်ဖက်ရေးအခြေခံမူကို အမြဲ လိုက်နာပါ တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောင်လီကျန်က ဇူလိုင်လ ၂၅ ရက်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံက သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးအနေနဲ့ သဘောထားကွဲလွဲမှုတွေ၊ ပဋိပက္ခတွေကို ဖွဲ့ စည်းပုံအခြေခံဥပဒေ၊ ဥပဒေမူဘောင်အတွင်းကသာ ကောင်းမွန်စွာ ဖြေရှင်းသင့်တယ်လို့ သူက ဆိုပါတယ်။
ကိုးကား – VOA
Ref; US: ‘All Options on Table’ to Punish Myanmar Junta Over Executions