ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၇ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ-NUG ပညာရေးဝန် ကြီးဌာနအသိအမှတ်ပြု New Myanmar Education အွန်လိုင်းအခြေပြုစာသင်ကျောင်းမှ တန်းခွဲအသစ်အတွက်ကျောင်းသားများကို ဇူလိုင်လ ၂၅ ရက်ကစတင်၍ လက်ခံနေကြောင်းသိရသည်။

အလယ်တန်း Grade – 6(စနစ်သစ်)၊ Grade – 7(စနစ်သစ်) Grade – 8(စနစ်ဟောင်း)၊ Grade – 9 (စနစ်ဟောင်း)၊အထက်တန်း Grade – 10(စနစ်သစ်)၊ Grade – 11 (စနစ်ဟောင်း) စသည့်အတန်းများကို နားလည်ကျွမ်းကျင်သည့် CDM ဆရာ၊ဆရာမများဖြင့်သင်ကြားပေးသွားမည်ဖြစ်ဟု NME ကျောင်းတာဝန်ရှိသူတဦးကပြောသည်။

တက်ရောက်သင်ကြားမည့်ကျောင်းသားများအနေကို အခမဲ့သင်ကြားပေးမည်ဖြစ်ကာ ဇူလိုင်လ ၃၀ ရက်နေ့အထိ နောက်ဆုံးထားအပ်နှံနိုင်ကြောင်းသိရသည်။

” ဒါက တန်းခွဲအသစ်အတွက်လက်ခံတာဖြစ်တယ်။ ကျနော်တို့ရှေ့က လက်ခံပြီးတဲ့အတန်းတွေက လက်ရှိမှာသင်ကြားနေပြီဖြစ်တယ်။ ၃၀ ရက်နေ့ထိလာရောက်အပ်နှံလို့ရပါတယ်” ဟု NME တာဝန်ရှိသူ CDM ကျောင်းဆရာတဦးကပြောသည်။

လက်ရှိတွင် New Myanmar Education ၌ အထက်တန်းအဆင့်သင်ကြားနေသူ ကျောင်းသား ၂၅၀၀ ကျော်ရှိနေကြောင်း သိရသည်။

ကျောင်းအပ်နှံရန်အတွက် အောက်ပါ link တွင်ဆက်သွယ်နိုင်ပါသည်။