ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၂ ရက်

မြန်မာနိုင်ငံမြောက်ပိုင်းက ပဋိပက္ခနဲ့ပတ်သက်လို့ ငြိမ်းချမ်းရေးဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး အပြုသဘော ဆောင်တဲ့ရလဒ်တွေ ထွက်ပေါ်ခဲ့တယ်လို့ တရုတ်နိုင်ငံက ဒီဇင်ဘာလ ၁၁ ရက်မှာ ပြောကြားလိုက်ပါတယ်။

“မြန်မာနိုင်ငံမြောက်ပိုင်း ပဋိပက္ခမှာပါဝင်နေတဲ့ အဖွဲ့အစည်းတွေ ငြိမ်းချမ်းရေး ဆွေးနွေးမှုပြုလုပ်ပြီး အ ပြုသဘောဆောင်တဲ့ရလဒ်တွေ ထွက်ပေါ်တာကို မြင်တွေ့ရတာ တရုတ်နိုင်ငံက ဝမ်းမြောက်ပါတယ်” လို့ တရုတ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ မော်နင်က ပြောပါတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ အဆုံးသတ်သည်အထိ တရုတ်နိုင်ငံက ဆက်လက်ကူညီမယ်လို့ သူက ဆက် ပြောပါတယ်။

“မြန်မာနိုင်ငံမြောက်ပိုင်းက တင်းမာမှုတွေ လျှော့ချတာ မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံးရဲ့ အကျိုးစီး ပွားဖြစ်ပြီး တရုတ်-မြန်မာနယ်စပ်တစ်လျှောက် တည်ငြိမ်မှုထိန်းသိမ်းရာမှာ အထောက်အကူဖြစ်စေပါတယ်” လို့ မော်နင်က ဆိုပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့က အောက်တိုဘာလနှောင်းပိုင်းမှာ မြန်မာစစ်တပ်အပေါ် ထိုးစစ်ဆင်မှု ပြုလုပ် ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်က စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဉီးသန်းဆွေဟာ တရုတ်နိုင်ငံ၊ ကူမင်းမြို့တော်မှာ ပြည်နယ်ပါတီကော်မတီ ဒုတိယအတွင်းရေးမှူးနဲ့ တွေ့ဆုံကာ နယ်စပ်ဒေသတစ်လျှောက် ငြိမ်းချမ်းရေးနဲ့ တည် ငြိမ်ရေးကိစ္စရပ်တွေ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာစစ်ကောင်စီရဲ့ အရေးပါသော မဟာမိတ်နဲ့ လက်နက်ထောက်ပံ့သူဖြစ်ပြီး ၂၀၂၁ ခု နှစ် အာဏာလုယူမှုကို အာဏာသိမ်းမှုအဖြစ် သတ်မှတ်ဖို့ ငြင်းဆန်ခဲ့ပါတယ်။

တိုက်ပွဲတွေဟာ မြန်မာနိုင်ငံအရှေ့ပိုင်းနဲ့ အနောက်ပိုင်းအထိ ပျံ့နှံ့လာခဲ့ပြီး ပြည်သူ ၅၀၀၀၀၀ ကျော် အိုး အိမ်စွန့်ခွာစေခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ ပြောကြားချက်အရ သိရပါတယ်။

ကိုးကား – AFP
Ref; China says peace talks held over north Myanmar conflict, ‘positive results’

#Ayeyarwaddy_Times