
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၁ ရက်
မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသမှာ လုပ်ကိုင်နေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ဉီးဆောင်တဲ့ အရေးပါသော လူပုဂ္ဂိုလ် ၁၀ ဉီးကို တရုတ်အာဏာပိုင်တွေက ဒီဇင်ဘာလ ၁၀ ရက်မှာ ဖမ်းဝရမ်းထုတ်ကာ ဆု ကြေးငွေ ချီးမြှင့်မယ်လို့ ပြောကြားလိုက်ပါတယ်။
ရာဇဝတ်ဂိုဏ်းဝင်တွေအားလုံး လက်နက်ချဖို့နဲ့ တရားမျှတမှုကို ရင်ဆိုင်ဖို့ တရုတ်ရဲတပ်ဖွဲ့က ဖမ်းဝရမ်း ထုတ်ထားသူတွေကို တိုက်တွန်းတယ်လို့ တရုတ် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။
ဖမ်းဝရမ်းထုတ်ခံရသူတွေရှိတဲ့နေရာကို သတင်းပေးပါက ယွမ်ငွေ တစ်သိန်းကနေ ငါးသိန်းအထိ ဆုငွေချီး မြှင့်မယ်လို့ တရုတ် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက အသိပေးထားပြီး အကာအကွယ်ပေးသူတွေကို ဥပဒေနဲ့အညီ အရေးယူမယ်လို့ ဆိုပါတယ်။
ဖမ်းဝရမ်းထုတ်ခံရသူတွေထဲမှာ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ အမတ်ဟောင်းနဲ့ ကိုးကန့် ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဉီးစီးဥက္ကဋ္ဌဟောင်း ပယ်ဆောက်ချိန်၊ သားဖြစ်သူ ပယ်ရင်းချိန်၊ သမီးဖြစ်သူ ပယ်ရင်းလန့်တို့ ပါ ဝင်တယ်လို့ သိရပါတယ်။
အဆိုပါ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဟာ လူသတ်မှု၊ တိုက်ခိုက်မှုနဲ့ ပြန်ပေးဆွဲမှု အပါအဝင် တရုတ်နိုင်ငံ သားတွေအပေါ် အကြမ်းဖက်လုပ်ငန်းတွေ လုပ်ကိုင်ခဲ့တယ်လို့ တရုတ်ရဲတပ်ဖွဲ့က ပြောပါတယ်။
တရုတ်နိုင်ငံက ဖမ်းမိထားတဲ့ တရားခံတွေရဲ့ ထွက်ဆိုချက်တွေကနေ တရုတ်နိုင်ငံ တရားရုံးသုံးခုက ကိုး ကန့်ဒေသက လူပုဂ္ဂိုလ်ဆယ်ဉီးကို ဖမ်းဝရမ်းထုတ်ခဲ့တာလို့ သိရပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်းရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ ဆက်နွယ်တယ်လို့ သံသယရှိသူ ၃၁,ဝဝဝ ကို လွှဲ ပြောင်းလက်ခံရရှိခဲ့တယ်လို့ တရုတ် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ပြောကြားခဲ့ပါ တယ်။
ကိုးကား – China Daily
Ref; China issues arrest warrants, offers rewards for 10 leaders of telecom fraud gangs in Myanmar