ကိုကိုလေး/ဧရာဝတီတ်ိုင်းမ်
ဇူလိုင်လ ၂၆ ရက်

ဧရာဝတီတ်ိုင်း၊ရေကြည်မြို့နယ် ရေကြည်မြို့မရဲစခန်းက နယ်ထိန်းရဲ ၁ ဦး ဇူလိုင်လ ၁၉ ရက်နေ့က စခန်းစွန်ခွာထွက်ပြေးသွားတယ်လို့ ရေကြည် ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

အဲ့ဒီနယ်ထိန်းရဲဟာ အခုလအစောပိုင်းမှာ ရခိုင် ပြည်နယ်အတွင်းကို ပြောင်းရွှေ့အမိန့်ကျလာတာဖြစ်ပြီး မပြောင်း ရွှေ့လိုတာကြောင့် စွန့်ခွာထွက်ပြေးတာလို့သိရပါတယ်။

“အခုသူထွက်ပြေးတယ်ဆိုတဲ့သတင်းကို ဖုံးဖိထားကြတယ်။အဓိကတော့ သူ့ကိုရခိုင်ပို့တဲ့ ဖိအားတွေနဲ့ မသွားချင်တာကြောင့် စခန်းကနေထွက်ပြေးသွားတာလို့ သိရတယ်” လို့ ရေကြည့်မြို့မရဲစခန်းနဲ့နီးစပ်တဲ့သူတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

အဲ့ဒီနယ်ထိန်းရဲဟာ ရေကြည်မြို့နယ်၊ ငပိဆိပ်ချောင်းဖျားကျေးရွာဘက်မှာ တာဝန်ကျတဲ့ အပိုင်နယ်ထိန်းရဲတဦးဖြစ်ပြီး လက်ရှိမှာလွတ်မြောက်တဲ့အခြေအနေမှာမရှိသေးလို့ လုံခြုံရေးအရ နယ်ထိန်းရဲရဲ့အမည်ကိုမပြောလိုဘူးလို့ အဲ့ဒီသတင်းရင်းမြစ်ကဆက်လက်ပြောပါတယ်။

လက်ရှိမှာ စွန့်ခွာထွက်ပြေးနေတဲ့ နယ်ထိန်းရဲကို ရေကြည်မြို့နယ်နဲ့အနီးတဝိုက်မှာ စစ်ကောင်စီက လိုက်လံရှာဖွေနေပြီး သူစွန့်ခွာထွက်ပြေးသွားတာနဲ့ပတ်သက်လို့ တခြားရဲတပ်သားတွေကိုလည်း စည်းကမ်းတင်းကြပ်ပြီး ထိန်း ချုပ်ထားတယ်လို့ သိရပါတယ်။

လတ်တလော ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်-AA တို့အကြား စစ်ရေးတင်းမာနေပြီး စစ်ကောင်စီတပ်သားတွေ အပါအဝင် ရဲတပ်ဖွဲ့ဝင်တွေနဲ့နယ် ခြားစောင့်ရဲတွေ တိုက်ခိုက်ခံနေရသလို အရှင်ဖမ်းဆီးခံရမှုတွေလည်းရှိနေပါတယ်။

အခုလ ပထမအပတ်ကလည်း မအူပင်မြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင် ၃ ဦး စခန်းစွန့်ခွာထွက်ပြေးခဲ့ပြီး ၂ ဦးပြန် လည်ဖမ်းဆီးခံခဲ့ရပါသေးတယ်။