ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၆ ရက်

ဧရာဝတီတိုင်း၊ ဟင်္သာမြို့နယ်က စစ်ကောင်စီလက်အောက်ခံ ဟင်္သာတမြို့မရဲစခန်းကို တော်လှန်တပ်ဖွဲ့ဝင် တွေ ဇူလိုင်လ ၂၆ ရက်နေ့ညပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေက ဝင်ရောက်တိုက်ခိုက်ချိန်မှာ လက်ပစ်ဗုံးသံတွေ သေနတ်တွေကြားခဲ့ရပြီး အပြန်အလှန်ပစ်ခတ်မှုပုံစံမျိုး ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် နှစ်ဖက်အကျဆုံး ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေတွေကိုတော့ အတည်ကျ မသိရသေးပါဘူး။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဧရာဝတီတိုင်းမ်သတင်းဌာနအနေနဲ့ အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်ပါတယ်။