
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၁ ရက်
အစ္စရေးနိုင်ငံသို့ ဒေါ်လာ ၁၀၆ သန်းတန်ကြေးရှိ တင့်ကားပစ်ကျည်တွေ အရေးပေါ် ရောင်းချဖို့ အမေရိ ကန်အစိုးရက အတည်ပြုလိုက်ပါတယ်။
အစ္စရေးနိုင်ငံက စစ်ဆင်ရေးတွေ အရှိန်မြှင့်နေတာကြောင့် ဂါဇာကမ်းမြောင်ဒေသမှာ အရပ်သားသေဆုံးမှု အရေအတွက်မြင့်မားလာမှုနဲ့ပတ်သက်လို့ စိုးရိမ်မှုတွေ မြင့်တက်လာစဉ် အမေရိကန်နိုင်ငံက တင့်ကားပစ်ကျည် တွေ ရောင်းချဖို့ အတည်ပြုတာပါ။
အစ္စရေးနိုင်ငံသို့ တင့်ကားပစ်ကျည်တွေ ရောင်းချမယ့် အတည်ပြုချက်ကို အမေရိကန် နိုင်ငံခြားရေးဝန် ကြီးဌာနက စနေနေ့မှာ ကြေညာခဲ့တာပါ။
နိုင်ငံခြားရေးဝန်ကြီးဌာနဟာ ပြည်ပသို့ စစ်လက်နက်တွေရောင်းချမှုဆိုင်ရာ ကွန်ဂရက်ရဲ့ သုံးသပ်မှုကို ရှောင်ကွင်းခဲ့တာဖြစ်ပါတယ်။
အမျိုးသားလုံခြုံရေး အကျိုးစီးပွားတွေကြောင့် အစ္စရေးနိုင်ငံသို့ တင့်ကားပစ်ကျည်တွေ ချက်ချင်း ရောင်း ချဖို့ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ဆုံးဖြတ်ခဲ့တာလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
ဂါဇာဒေသမှာ အရပ်သားတွေကို ကာကွယ်ပေးဖို့ အစ္စရေးနိုင်ငံကို တိုက်တွန်းနေတယ်လို့ သမ္မတ ဂျိုးဘိုင် ဒင်ရဲ့ အမေရိကန်အစိုးရက ပြောပါတယ်။
အစ္စရေးနိုင်ငံရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူအများအပြား သေဆုံးခဲ့ရာ ဂျိုးဘိုင်ဒင်ရဲ့ ဒီမိုကရက် တစ်ပါတီက အစ္စရေးနိုင်ငံသို့ စစ်လက်နက်ရောင်းချမှုကို ပြန်လည်သုံးသပ်ဖို့ တောင်းဆိုနေပါတယ်။
ကိုးကား – NHK
Ref; US approves munitions worth $106 million for Israel