
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၉ ရက်
လာမယ့်နှစ် မတ်လအတွင်းကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင် မယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ကြေညာလိုက်ပါတယ်။
သောကြာနေ့ကကျင်းပတဲ့ ယူကရိန်းမှာ တိုက်ပွဲဝင်နေတဲ့ ရုရှားစစ်သားတွေကို ဂုဏ်ပြုပွဲအခမ်းအနား တစ်ခုမှာ သမ္မတရွေးကောက်ပွဲ ယှဉ်ပြိုင်မယ့် သူ့ရဲ့ရည်မှန်းချက်ကို ပူတင်က ကြေညာခဲ့တာပါ။
၂၀၀၀ ပြည့်နှစ်မှာ ပထမဆုံးအကြိမ် သမ္မတအဖြစ် ရွေးကောက်ခံခဲ့ရတဲ့ ပူတင်က ပဉ္စမသက်တမ်းအတွက် ယှဉ်ပြိုင်မှာဖြစ်ပြီး အနိုင်ရရှိပါက ၂၀၃၀ ပြည့်နှစ်အထိ သမ္မတတာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့လအတွင်း မော်စကိုမြို့တော်မှာ ဖွင့်လှစ်ခဲ့တဲ့ သူ့ရဲ့အောင်မြင်မှုတွေကို ချီးကျူးတဲ့ အခမ်းအနား တစ်ခုမှာ ပူတင်က မဲဆွယ်စည်းရုံးမှုကို ထိရောက်စွာ စတင်ခဲ့တယ်လို့ ရုရှားမီဒီယာတွေက ဖော်ပြပါတယ်။
ရုရှားသမ္မတရွေးကောက်ပွဲကို ၂၀၂၄ ခုနှစ် မတ်လ ၁၇ ရက်မှာ ပြုလုပ်မှာဖြစ်ပါတယ်။ ရုရှားလွှတ်တော်က သမ္မတရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို တရားဝင် ဆုံးဖြတ်ပြီးနောက် ပူတင်က ရွေးကောက်ပွဲဝင်မယ်လို့ ကြေ ညာခဲ့တာပါ။
အလားအလာရှိသော ကိုယ်စားလှယ်လောင်း မရှိတာကြောင့် သမ္မတရွေးကောက်ပွဲမှာ ပူတင်က သေချာ ပေါက် အနိုင်ရရှိမယ်လို့ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။
ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်က အနောက်နိုင်ငံတွေနဲ့ စစ်ပွဲတစ်ခု ဖြစ်လာခဲ့ပြီး ယူကရိန်းရဲ့ တန်ပြန် ထိုးစစ်ဆင်မှုက မအောင်မြင်ဘူးလို့ ပူတင်က ပြောကြားပြီး ရုရှားပြည်သူတွေ စည်းလုံးညီညွတ်ဖို့ သူက တောင်း ဆိုလိုက်ပါတယ်။
ပူတင်က နိုင်ငံရေးအခြေခံအုတ်မြစ် ခိုင်မာကျစ်လစ်အောင် တည်ဆောက်ကာ ကျူးကျော်စစ်ပွဲတွေ အရှိန် မြှင့်လာမှာကို တိုင်းပြည်အချို့က စိုးရိမ်နေပါတယ်။
ကိုးကား – NHK
Ref; Putin declares candidacy for presidential election