ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၉ ရက်

အမေရိကန်နိုင်ငံနဲ့ အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် တင်းမာမှုတွေ မြင့်တက်နေစဉ် ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ အီရန်၊ တရုတ်နိုင်ငံတို့နဲ့ နီးကပ်သောဆက်ဆံရေး ထူထောင်ဖို့ ကြိုးပမ်းနေပါ တယ်။

ပူတင်ဟာ မနေ့က မော်စကိုမြို့တော်မှာ အီရန်သမ္မတ အီဘရာဟင်ရိုင်စီနဲ့ တွေ့ဆုံခဲ့ပါတယ်။ အရှေ့အ လယ်ပိုင်းဒေသ အခြေအနေ အထူးသဖြင့် ပါလက်စတိုင်းအရေး အမြင်ချင်းဖလှယ်ရတာ အလွန် အရေးကြီးတယ် လို့ ပူတင်က ပြောပါတယ်။

အစ္စရေးစစ်တပ်ကြောင့် ဂါဇာဒေသမှာ ကလေးငယ်အများအပြား သေဆုံးခဲ့ရပြီး ယင်းလုပ်ရပ်ဟာ အမေ ရိကန်နဲ့ အနောက်နိုင်ငံတွေက ပံ့ပိုးကူညီပေးတဲ့ ရာဇဝတ်မှုတစ်ခုဖြစ်တယ်လို့ အီဘရာဟင်ရိုင်စီက ပြောပါတယ်။

ရုရှားနိုင်ငံဟာ အမေရိကန်နိုင်ငံရဲ့ နောက်ထပ်ရန်သူဖြစ်တဲ့ အီရန်နိုင်ငံနဲ့ ဆက်ဆံရေး တိုးမြှင့်နေပြီး ယူ ကရိန်းစစ်ပွဲမှာ တိုက်ခိုက်မှုတွေပြုလုပ်ရာမှာ အီရန်နိုင်ငံလုပ် အသေခံဒရုန်းတွေကို အသုံးပြုနေပါတယ်။

အီရန်နိုင်ငံက ရုရှားနိုင်ငံသို့ ပဲ့ထိန်းဒုံးကျည်တွေ ထောက်ပံ့ပေးဖို့ စဉ်းစားနေတဲ့အပေါ် စိုးရိမ်ပူပန်ကြောင်း အမေရိကန်နိုင်ငံက ပြီးခဲ့တဲ့လအတွင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

မနေ့က မော်စကိုမြို့တော်မှာပြုလုပ်တဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဖိုရမ်တစ်ခုမှာ ပူတင်က တရုတ်၊ အိန္ဒိယ၊ တူရကီနဲ့ အခြားတိုင်းပြည်များမှ စီးပွားရေးလုပ်ငန်းရှင်တွေကို ဖိတ်ကြားခဲ့ပါတယ်။

ရုရှားနဲ့တရုတ်ကြား ကုန်သွယ်မှုပမာဏဟာ ဒီနှစ်မှာ ဒေါ်လာ ၂၀၀ ဘီလီယံကို ကျော်ဖြတ်မယ်လို့ မျှော် မှန်းရကြောင်း၊ စစ်ဘက်ဆိုင်ရာ နည်းပညာအပါအဝင် နယ်ပယ်အားလုံးမှာ တရုတ်နိုင်ငံနဲ့ လက်တွဲဆောင်ရွက်ဖို့ ရုရှားနိုင်ငံက အသင့်ရှိတယ်လို့ ပူတင်က ပြောပါတယ်။

ကိုးကား – NHK
Ref; Putin meets Iranian president, seeks closer ties with China

#Ayeyarwaddy_Times