
ဧရာ၀တီတိုင်းမ်
ဒီဇင်ဘာ ၈ ရက်
စစ်ကောင်စီတပ်ကို မလိုလားသည့် လူမှုအဖွဲ့အစည်းများနှင့် လက်နက်ကိုင်အဖွဲ့များသည် လူမှုကွန်ရက်မှတဆင့် ဂုဏ်သိက္ခာကျဆင်းစေရန်၊ တပ်တွင်းစည်းလုံးညီညွတ်မှု ပြိုကွဲ စေရန်၊ အင်အားချိနဲ့အောင်လုပ်ဆောင်နေကြကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြော သည်။
စစ်ခေါင်းဆောင်က ပြင်ဦးလွင်တွင် ပြုလုပ်သည့် စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အပတ်စဉ် ၆၅ သင်တန်းဆင်းပွဲ မိန့်ခွန်းတွင် ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“တို့တပ်မတော်ကို မလိုလားတဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ လက်နက်ကိုင်အကြမ်းဖက် သောင်းကျန်း သူတွေဟာ လူမှုကွန်ရက်တွေကတစ်ဆင့် သွေးထိုးလှုံ့ဆော်မှုတွေ၊ တပ်မတော်နဲ့ပတ်သက်တဲ့ သတင်းတု၊ သတင်းမှားတွေကို လုပ်ကြံထုတ်လွှင့်ပြီး တပ်မတော်ရဲ့ဂုဏ် သိက္ခာကျဆင်းစေဖို့နဲ့ တပ်တွင်းစည်းလုံးညီညွတ်ရေးပြိုကွဲစေဖို့နဲ့ အင်အားချိနဲ့စေဖို့ လုပ်ဆောင်လျက်ရှိတယ်” ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး အောင်လှိုင်က ပြောသည်။
ထို့ကြောင့် စစ်ကောင်စီတပ်အတွင်း တပ်တွင်းစည်းလုံးညီညွတ်မှုကို ကျစ်လစ်သေချာစွာ တည်ဆောက်ကြရန် အထူးအလေးအနက်ထား မှာကြားလိုသည်ဟု ၎င်းက ဆိုသည်။
ထို့အပြင် တိုးတက်လာသည့် ခေတ်မီစစ်လက်နက် ပစ္စည်းများကြောင့် ပြောင်းလဲ လာနေသည့် ၂၁ ရာစု စစ်ပွဲပုံစံများနှင့် စစ်ဗျူဟာများကို ကြိုတင်မျှော်တွေး ထားရမည်ဟုလည်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။
“စစ်ပွဲတွေက အကန့်အသတ်အတားအဆီးမဲ့လာနေပြီး အရပ်မျက်နှာအမျိုးမျိုးကနေ ပုံစံအမျိုးမျိုးနဲ့ ပုံ ဖော်တိုက်ခိုက်လာနိုင်တယ်။ နည်းပညာနဲ့အညီပြောင်း လဲလာတဲ့ စစ်နည်းဗျူဟာတွေကို လေ့လာနေကြရ မယ်”ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီတပ်သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်စခန်း ရာနှင့်ချီဆုံးရှုံးနေရပြီး ပြင်ဦးလွင်မြို့သည် ရှမ်းမြောက်နှင့် နီးကပ်နေပြီး ယင်းနေရာအနီးတဝိုက် တွင်လည်း တိုက်ပွဲပြင်းထန်နေချိန်တွင် ယခု သင်တန်းဆင်းပွဲသို့ လုံခြုံရေးများစွာယူ၍ တက်ရောက်ခဲ့ ခြင်းဖြစ်သည်။
ပုံစာ-စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
#ပြင်ဦးလွင် #DSAကျောင်းဆင်းပွဲ #လူမှုကွန်ရက် #ပြိုကွဲအင်အားချိနဲ့စေရန် #လှုံ့ဆော် #တပ်တွင်းစည်းလုံးညီညွတ်မှု #တည်ဆောက်ရန် #စစ်ခေါင်းဆောင်ပြောကြား #Ayeyarwaddy_Times