
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၈ ရက်
ပြီးခဲ့တဲ့အင်္ဂါနေ့မနက်ပိုင်းက ပထမအသုတ် လေယာဉ် ၃ စင်း ဟနွိုင်းမြို့တော်မှာ အန္တရာယ်ကင်းစွာ ဆိုက်ရောက်ပြီးနောက် မြန်မာနိုင်ငံမှာ ပိတ်မိနေတဲ့ ဗီယက်နမ်နိုင်ငံသားတွေကို နေရပ်ပြန်ပို့ဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းအ တွင်း စင်းလုံးငှား လေကြောင်းခရီးစဉ် ၆ ကြိမ်ကျော် ပြေးဆွဲခဲ့ရတယ်လို့ သိရပါတယ်။
ဗီယက်နမ်နိုင်ငံသားတွေ နေရပ်ပြန်ခေါ်ရေးလုပ်ငန်းကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်သူ့လုံခြုံရေးဝန် ကြီးဌာနနဲ့ မြန်မာနိုင်ငံရှိ ဗီယက်နမ်ကိုယ်စားလှယ်တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
ဗီယက်နမ်နိုင်ငံသား ၁၀၂၀ ဉီးကို မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှ လေယာဉ်ခရီးစဉ် ၉ ကြိမ်ဖြင့် ခေါ်ဆောင်ခဲ့ကာ ကုန်ကျစရိတ်အားလုံးက ဗီယက်နမ်အစိုးရက ကျခံခဲ့တာလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါ တယ်။
အီဂျစ်၊ မလေးရှားနဲ့ စင်ကာပူနိုင်ငံသားအချို့ မြန်မာနိုင်ငံမှ ဘေးကင်းရာနေရာများသို့ ရွှေ့ပြောင်းဖို့လည်း ဗီယက်နမ်နိုင်ငံက ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
ဗီယက်နမ်နိုင်ငံသားအများစုဟာ လူငယ်တွေဖြစ်ပြီး ကိုယ်ဝန်ဆောင်မိခင်တွေအပြင် မွေးကင်းစကလေး တွေလည်း ပါဝင်ပါတယ်။
ဗီယက်နမ်နိုင်ငံသားတွေဟာ မြန်မာနိုင်ငံမြောက်ပိုင်းက ကာစီနိုတွေမှာလုပ်ကိုင်ဖို့ ဖျားယောင်းခံခဲ့ရပြီး ဒေသတွင်း မြန်မာစစ်တပ်နဲ့ မြောက်ပိုင်းမဟာမိတ်ကြား လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားချိန်မှာ အလုပ်ရှင်တွေ က စွန့်ပစ်ခဲ့တာကြောင့် တိုက်ပွဲတွေကြား ပိတ်မိနေတာပါ။
တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံမြောက်ပိုင်းမှာ ပိတ်မိနေတဲ့ ဗီယက်နမ်နိုင်ငံသား အများအပြားရှိနေဆဲပဲ လို့ မြန်မာနိုင်ငံရှိ ဗီယက်နမ်သံရုံးက ပြောပါတယ်။
ပိတ်မိနေတဲ့ ဗီယက်နမ်နိုင်ငံသားတွေ အမြန်ဆုံး နေရပ်ပြန်နိုင်ရေး၊ ကျန်းမာရေး၊ ဉပဒေပါအခွင့်အရေးနဲ့ အကျိုးစီးပွားတွေ ရရှိနိုင်ဖို့ နေရပ်ပြန်ခေါ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်မှုတွေ ဆက်လက်ပြုလုပ်မယ်လို့ သိရပါတယ်။
လုပ်ငန်းကျွမ်းကျင်မှု သို့မဟုတ် ဘွဲ့မရဘဲ နိုင်ငံခြားတိုင်းပြည်တွေမှာ လစာကောင်းကောင်းရမယ်ဆိုတဲ့ လူကုန်ကူးသူတွေရဲ့ မက်လုံးပေးဆွဲဆောင်မှုကို သတိထားဖို့လည်း ဗီယက်နမ်အစိုးရက ပြည်သူတွေကို သတိပေး ခဲ့ပါတယ်။
ကိုးကား – Vietnam News
Ref; Việt Nam repatriates 1,000 stranded citizens, including foreigners, from Myanmar