
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၈ ရက်
ထိုင်ဝမ်ရွေးကောက်ပွဲမတိုင်မီ သီတင်းပတ်များစွာအလိုမှာ မစ်ရှင်တစ်ခုအနေနဲ့ ထိရှလွယ်သော ထိုင်ဝမ် ရေလက်ကြားပေါ် ပျံသန်းခဲ့တဲ့ အမေရိကန်ရေတပ်ရဲ့ ကင်းလှည့်လေယာဉ်တစ်စင်းကို စောင့်ကြည့်၊ သတိပေးဖို့ ဂျက်တိုက်လေယာဉ်တွေ စေလွှတ်ခဲ့ရတယ်လို့ တရုတ်စစ်တပ်က ပြောပါတယ်။
ထိုင်ဝမ်ကို ပိုင်ဆိုင်တယ်လို့ တရုတ်နိုင်ငံက ပြောသလို ထိုင်ဝမ်ရေလက်ကြားနဲ့ပတ်သက်လို့ တရားစီရင် ပိုင်ခွင့်ရှိတယ်လို့ ဆိုပါတယ်။ ထိုင်ဝမ်ရေလက်ကြားဟာ နိုင်ငံတကာရေလမ်းကြောင်းတစ်ခုဖြစ်တယ်လို့ ထိုင်ဝမ်နဲ့ အမေရိကန်က ပြောပါတယ်။
ရေငုပ်သင်္ဘောဖျက်မစ်ရှင်တွေမှာ အသုံးပြုတဲ့ P-A Poseidon ကင်းထောက်လေယာဉ်တစ်စင်းဟာ အ ပြည်ပြည်ဆိုင်ရာလေပိုင်နက်အတွင်း ထိုင်ဝမ်ရေလက်ကြားပေါ်မှ ပျံသန်းခဲ့တယ်လို့ အမေရိကန် အမှတ် ၇ ရေ ယာဉ်စုက ပြောပါတယ်။
“ထိုင်ဝမ်ရေလက်ကြားပေါ်မှာ P-A Poseidon ကင်းထောက်လေယာဉ် ပျံသန်းတာဟာ လွတ်လပ်၊ ပွင့် လင်းသော အာရှ-ပစိဖိတ်ဒေသဖြစ်ရေး အမေရိကန်နိုင်ငံရဲ့ ကတိကဝတ်ကို ပြသတာဖြစ်ပါတယ်။ အမေရိကန်စစ် တပ်ဟာ အပြည်ပြည်ဆိုင်ရာဉပဒေအရ ခွင့်ပြုတဲ့ ဘယ်နေရာမှာမဆို ပျံသန်း၊ မောင်းနှင်မှာဖြစ်ပါတယ်” လို့ အမေ ရိကန် အမှတ် ၇ ရေယာဉ်စုက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
အမေရိကန်ကင်းထောက်လေယာဉ်ကို စောင့်ကြည့်၊ သတိပေးဖို့ တိုက်လေယာဉ်တွေ စေလွှတ်ကာ ဉပဒေ နဲ့အညီ ကိုင်တွယ်ဖြေရှင်းခဲ့တယ်လို့ တရုတ်စစ်တပ်က ဆိုပါတယ်။
“တရုတ်တပ်ဖွဲ့တွေကို အမြင့်ဆုံးအဆင့် တပ်လှုန့်ထားပြီး နိုင်ငံ့အချုပ်အခြာ၊ လုံခြုံရေး၊ ဒေသတွင်း ငြိမ်း ချမ်းရေးနဲ့ တည်ငြိမ်မှုကို ကာကွယ်သွားမယ်” လို့ တရုတ်စစ်တပ်၊ အရှေ့ပိုင်းစစ်ဌာနချုပ်က ထုတ်ပြန်ချက်တစ်ခု အတွင်း ပြောပါတယ်။
ထိုင်ဝမ်ရေလက်ကြားတောင်ပိုင်းမှာ ပျံသန်းခဲ့တဲ့ အမေရိကန်ကင်းထောက်လေယာဉ်ကို စောင့်ကြည့်ခဲ့ပြီး အခြေအနေက ပုံမှန်သာဖြစ်တယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ဇန်နဝါရီလ ၁၃ ရက်မှာ သမ္မတနဲ့ လွှတ်တော်ရွေးကောက်ပွဲတွေ ကျင်းပဖို့ ထိုင်ဝမ်က လုပ်ဆောင်နေပြီး စစ်နဲ့ငြိမ်းချမ်းရေးကြား ရွေးချယ်မှုတစ်ခုအဖြစ် တရုတ်က စောင့်ကြည့်နေပါတယ်။
စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်တာအပါအဝင် ပြီးခဲ့တဲ့ ၄ နှစ်အတွင်း တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကျွန်းဝန်း ကျင်မှာ စစ်ရေးလှုပ်ရှားမှုတွေ အရှိန်မြှင့်လုပ်ဆောင်ခဲ့ပါတယ်။
ကိုးကား – The Asahi Shimbun
Ref; China says its fighters shadowed U.S. Navy patrol plane over Taiwan Strait