ဧရာ၀တီတိုင်းမ်
ဒီဇင်ဘာ ၇ ရက်

ရှမ်းမြောက်၊ လောက်ကိုင်ဒေသ ကုန်းကြမ်းရှိ စစ်ကောင်စီစခန်းကို သိမ်းပိုက်တိုက်ခိုက်စဉ် လက်နက်မချဘဲ ထွက်ပြေးခဲ့သည့် တပ်များကို လိုက်လံတိုက် ခိုက် ချေမှုန်းခဲ့ပြီး နယ်မြေရှင်းလင်းစဉ် သေဆုံးအလောင်းများထဲမှ အမှတ် ၁၂ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(စကခ)မှူးကို သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း MNDAA မှထုတ်ပြန်ထားသည်။

ကိုးကန့်ဒေသ မော်ထိုက်၊ ချုံကန်၊ ကုန်းကြမ်းစသည့် နေရာများတွင် နှစ်ပေါင်း ၃၀ နီးပါး တပ်စွဲတည်ဆောက်ခဲ့သည့် စစ်ကောင်စီတပ်စခန်းများကို ကိုးကန့်တပ် MNDAA က သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီဘက်မှ အကြွင်းအကျန်တပ်ဖွဲ့ဝင်များသည် နေရာအနှံ့ ထွက်ပြေးပုန်းအောင်း‌နေခဲ့ရာ တပ် ဖွဲ့ဝင် ၁၀၀ ကျော်ကို MNDAA တပ်မှ တိုက်ခိုက်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

ဒီဇင်ဘာလ ၆ ရက်နေ့ က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဆက်လက်ရှင်းလင်းစဉ် အလောင်းတစ်ခုတွင် ဗိုလ်မှူးချုပ်ရာထူးတံဆိပ်ကိုတွေ့ရှိရသည့်အတွက် သေဆုံးသွားသူမှာ စကခ (၁၂) မှ စကခမှူး အောင်ဇော်လင်းဖြစ် ကြောင်း MNDAA က ဓာတ်ပုံနှင့်တကွ ထုတ်ပြန်ထား ခြင်းဖြစ်သည်။

အဆိုပါ စကခ ၁၂ မှူးအလောင်းကို စစ်ကောင်စီထံ အလောင်းပြန်အပ်လိုသည့်အတွက် MNDAA တပ်မှ ဆက်သွယ်‌ခဲ့ရာ အကြောင်းပြန်ကြားခြင်းမရှိဟု ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်ကောင်စီတပ်ဘက်မှလည်း ဆုံးခဲ့ရုပ်အလောင်းသည် စကခ ၁၂ မှူးမဟုတ် ကြောင်းနှင့် စကခမှူးမှာ လက်ရှိတွင် လောက်ကိုင်ဒေ သ၌ ကျန်းမာရေးကောင်းမွန်စွာဖြင့် တာ၀န်ထမ်းဆောင်နေပြီး ယင်းသတင်းမှာ သတင်းမှားဖြစ် ကြောင်း ဓာတ်ပုံနှင့်တကွ စစ်တပ်ဝါဒဖြန့်ချန်နယ်များတွင် ရေးသားထားသည်။

#ရှမ်းမြောက် #လောက်ကိုင် #ကုန်းကြမ်း #စစ်ကောင်စီ #စကခ၁၂ #စကခမှူး #အောင်ဇော်လင်း
#MNDAA #Ayeyarwaddy_Times
Boost this