ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၆ ရက်

မြန်မာစစ်တပ်က ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူလေးဦးကို ကွက်မျက်လိုက်တဲ့အပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က အပြင်းအထန်ရှုတ်ချခဲ့တယ်လို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်းဆန်းစုကြည် အပါအဝင် မတရား ထိန်းသိမ်းခံထားရတဲ့ အကျဉ်းသားအားလုံး ချက်ချင်း လွှတ်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ထပ်လောင်း တောင်းဆိုပါ တယ်လို့ ကုလသမဂ္ဂ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဖာဟန်ဟက်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါ တယ်။

ကုလသမဂ္ဂအကြီးအကဲ အန်တိုနီယိုဂူတာရက်စ်က အခြေ အနေအားလုံးမှာ သေဒဏ်အမိန့်ကို ဆန့်ကျင်တယ်လို့ ၄င်းက ဆက်လက်ပြောပါတယ်။

ဒီမိုကရေစီတက်ကြွလှုပ်ရှားသူ ကိုဂျင်မီ၊ လွှတ်တော်အမတ်ဟောင်းနဲ့ ဟစ်ဟော့အဆိုတော် ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့လေးဦးကို ဇန်နဝါရီနဲ့ ဧပြီလတွေအတွင်း လျှို့ဝှက် အမှုစစ် ဆေးပြီး သေဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အရပ်သားအစိုးရကိုဖြုတ်ချကာ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ မတည်မငြိမ်ဖြစ်နေပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ ၂၁၀၀ ကျော်ကို သတ်ဖြတ်ကာ ၇၀၀၀၀၀ ကျော်ကို အိုးအိမ်စွန့်ခွာစေပြီး တက်ကြွလှုပ်ရှားသူတွေ၊ သတင်း ထောက်တွေကို ထိန်းသိမ်းခဲ့ပါတယ်။

ကိုးကား – Reuters
Ref; UN chief strongly condemns Myanmar executions