ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၆ ရက်

မြန်မာစစ်ကောင်စီရဲ့ တက်ကြွလှုပ်ရှားသူလေးဦးကို ကွက်မျက်တာနဲ့ပတ်သက်လို့ အာဆီယံအဖွဲ့က ရှုတ်ချပြီး စိတ်ပျက်မိတယ်လို့ အာဆီယံဥက္ကဌ ကမ္ဘောဒီးယားနိုင်ငံက ဒီနေ့ ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

အာဆီယံဥက္ကဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆမ်က သေဒဏ်ကို ပြန်စဉ်းစားဖို့ တောင်းဆိုခဲ့ပေမယ့် ကွက်မျက်မှုကို ရှေ့ဆက်လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

၅၅ ကြိမ်မြောက် အာဆီယံဝန်ကြီးအဆင့် ဆွေးနွေးပွဲမတိုင်မီ သီတင်းတစ်ပတ်အလိုမှာ သေဒဏ် အ ကောင်အထည်ဖော်ဆောင်တာ ပြစ်တင်ရှုတ်ချထိုက်ပြီး မြန်မာနိုင်ငံမှာ အာဆီယံရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေ ကို အားပေးလိုတဲ့ဆန္ဒမရှိဘူးဆိုတာ ပြသနေတယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

ကွက်မျက်မှုကြောင့် အလွန်အမင်း ဝမ်းနည်းရပြီး သောကရောက်ရတယ်လို့ အာဆီယံ အလှည့်ကျဥက္ကဌ ကမ္ဘောဒီးယားနိုင်ငံက ထုတ်ပြန်ချက်အတွင်း ပြောပါတယ်။

အကျပ်အတည်းကို အခြေအနေပိုဆိုးစေမယ့် လုပ်ဆောင်ချက်တွေ ရပ်တန့်ဖို့၊ သက်ဆိုင်ရာအဖွဲ့တွေ ကြား ငြိမ်းချမ်းသော ဆွေးနွေးမှုတွေ ဟန့်တားမှုမရှိစေဖို့နဲ့ မြန်မာနိုင်ငံတွင်သာမက ဒေသတွင်းမှာပါ ငြိမ်းချမ်း ရေး၊ လုံခြုံရေးနဲ့ တည်ငြိမ်မှုကို မထိခိုက်စေဖို့ သက်ဆိုင်ရာအဖွဲ့အားလုံးကို အာဆီယံက တောင်းဆိုတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဇန်နဝါရီနှင့် ဧပြီလအတွင်း သေဒဏ်ကို လျို့ဝှက်စီရင်ခဲ့ပြီး ၄င်းတို့လေးဦးကို ပြီးခဲ့တဲ့နှစ် အာဏာသိမ်းမှု နဲ့ ဆန္ဒပြပွဲတွေကို အကြမ်းဖက်မှု ဖြိုခွင်းမှုတွေကြောင့် စစ်တပ်ကိုတွန်းလှန်တဲ့ အရပ်ဘက်ခုခံတော်လှန်ရေးကို ကူညီတယ်ဆိုပြီး စွပ်စွဲခဲ့တာပါ။

နိုင်ငံပိုင်မီဒီယာတွေက သေဒဏ်ကို လုပ်ဆောင်ခဲ့ပြီးဖြစ်တယ်လို့ ဖော်ပြခဲ့ပေမယ့် ဘယ်အချိန် သို့မဟုတ် ဘယ်နည်းလမ်းနဲ့ ဆောင်ရွက်ခဲ့တယ်ဆိုတာ မဖော်ပြခဲ့ပါဘူး။

ကိုးကား – The Straits Times
Ref; Asean ‘denounces’ execution of 4 activists in Myanmar