
ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဒီဇင်ဘာ ၇ ရက်
ချင်းပြည်နယ်တွင် မြို့သိမ်းတိုက်ပွဲများဖြစ်ပွားနေပြီး မတူပီမြို့ပေါ်တွင် လက်ရှိ နိုင်ငံရေး မတည်ငြိမ်မှုကြောင့် စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာ ဝန်ထမ်းများ ရုံးမတက်ချင် သော်လည်း ဖိအားပေးမှုကြောင့် ရုံးတက်နေရကြောင်း သိရသည်။
မတူပီမြို့ရှိ စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာ ဝန်ထမ်းများ ရုံးတက်ရန် ဖိအားပေးနေသော်လည်း စစ်ကောင်စီက ဖွင့်လှစ်ထားသော ကျောင်းများတွင် ကျောင်းတက်နေသည့် ကျောင်းသား၊ ကျောင်းသူများမှာမူ ကျောင်းတက် ရောက်ခြင်း မရှိတော့ကြောင်း ဒေသခံများထံက သိရသည်။
“မတူပီမှာ မကြာခဏတိုက်ပွဲဖြစ်တဲ့အတွက် ကျောင်းသားမိဘတွေက ကလေးတွေကို ကျောင်းမလာခိုင်းတော့ဘူး။ ဒါပေမယ့် ပညာရေးမှူးကတော့ ရုံးအဝင်/အထွက်ကို လက်မှတ်ထိုးခိုင်းတယ်။ ရုံးပျက်ရင် အရေးယူမယ်လို့ ခြိမ်းခြောက်တယ်။ ခြိမ်းခြောက် ခံရတာကတော့ ရုံးတိုင်းပါပဲ” ဟု မတူပီမြို့၊ Non CDMအမျိုးသားတစ်ဦးက ဧရာဝတီ တိုင်းမ်ကို ပြောကြားသည်။
မတူပီမြို့တွင် စစ်ကောင်စီတပ်က မြို့အဝင်/အထွက်ကို ပိတ်ဆို့ထားပြီး စစ်ရှောင် လိုသည့် ဒေသခံများလည်း တိမ်းရှောင်နိုင်ခြင်းမရှိကြောင်းသိရသည်။
စစ်ကောင်စီတပ်က မြို့အဝင်/အထွက်ကို ပိတ်ဆို့ထားမှုကြောင့် မတူပီမြို့ပေါ်တွင် ဆန်အပါအဝင် စာနပ်ရိက္ခာများပြတ်လပ်နေပြီဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
ပုံစာ-မတူပီမြို့
#မတူပီ #စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများ #ရုံးမတက်ချင် #ဖိအားပေးရုံးတက်ခိုင်း
#Ayeyarwaddy_Times