ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၇ ရက်

ယူကရိန်းစစ်တပ်ဟာ ဒီဇင်ဘာလ ၅ ရက်က ပင်လယ်နက်အတွင်းရှိ စနိတ်ကျွန်းအနီးမှာ ရုရှားရဲ့ Su-24M ဂျက်တိုက်လေယာဉ်တစ်စင်းကို ပစ်ချခဲ့တယ်လို့ သိရပါတယ်။

တောင်ပိုင်း အိုဒစ်ဆာဒေသဘက်သို့ ဒုံးကျည်တိုက်ခိုက်မှုနဲ့ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ဖို့ ကြိုးပမ်းနေစဉ် ရု ရှားစစ်တပ်ရဲ့ Su-24 Fencer ဂျက်တိုက်လေယာဉ် ပစ်ချခံခဲ့ရတာဖြစ်ပါတယ်။

ဂျက်တိုက်လေယာဉ် ပစ်ချခံခဲ့ရတဲ့နေရာသို့ ရှာဖွေရေးနဲ့ကယ်ဆယ်ရေးတပ်ဖွဲ့မှ Mi-8 ရဟတ်ယာဉ်တစ် စင်း ချက်ချင်း စေလွှတ်ခဲ့ပေမယ့် လေယာဉ်မှူးတွေကို မတွေ့ရှိခဲ့ဘူးလို့ ရုရှားသတင်းရင်းမြစ်တွေက ပြောပါ တယ်။

S-24M ဂျက်တိုက်လေယာဉ်မှ ပျောက်ဆုံးနေတဲ့ လေယာဉ်မှူးနှစ်ဉီးကို ရှာဖွေဖို့ ရုရှားစစ်တပ်က An-26 လေယာဉ်တစ်စင်း စေလွှတ်ခဲ့တယ်လို့ ယူကရိန်းလေတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ယူရီအိုင်ဂနတ်က Facebook မှာ ရေးသားခဲ့ပါတယ်။

“လက်ရှိမှာ ရုရှား ရှာဖွေရေးနဲ့ကယ်ဆယ်ရေးလေယာဉ်ဖြစ်တဲ့ An-26 ဟာ Su-24M ဗုံးကြဲလေယာဉ်ရဲ့ လေယာဉ်မှူးတွေ တည်နေရာကိုရှာဖွေဖို့ ကြိုးပမ်းနေပါတယ်” လို့ သူက ဆိုပါတယ်။

ယူကရိန်းစစ်ပွဲအတွင်း ယူကရိန်းစစ်တပ်ရဲ့ ပစ်ချခံခဲ့ရတဲ့ ရုရှားဂျက်တိုက်လေယာဉ်တွေ၊ တိုက်ခိုက်ရေးရ ဟတ်ယာဉ်တွေ ရာချီရှိနေပြီလို့ သိရပါတယ်။

ကိုးကား – Defence Blog
Ref; Ukraine shot down Russian Su-24 in Black Sea

#Ayeyarwaddy_Times