
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၅ ရက်
မြန်မာနိုင်ငံမြောက်ပိုင်း ပဋိပက္ခမှာ ပိတ်မိနေတဲ့ ဗီယက်နမ်နိုင်ငံသား ၃၃၈ ဦးကို မနေ့က အန္တရာယ်ကင်း စွာ နေရပ်ပြန်ခေါ်နိုင်ပြီလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
နေရပ်ပြန်ရောက်လာသူတွေဟာ မြန်မာနိုင်ငံရဲ့ ပဋိပက္ခဇုန်တွေမှာ အကူအညီလိုအပ်နေတဲ့ ဗီယက်နမ် နိုင်ငံသား ၈၀၀ ကျော်ထဲကဖြစ်တယ်လို့ သိရပါတယ်။
ဗီယက်နမ်နိုင်ငံသားတွေ အန္တရာယ်ကင်းစွာ နေရပ်ပြန်ခေါ်တဲ့ ကုန်ကျစရိတ်အားလုံးကို အစိုးရက ကျခံ တာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။
ဗီယက်နမ်နိုင်ငံသားအများစုဟာ မြန်မာနိုင်ငံမြောက်ပိုင်းက တရားမဝင် ကာစီနိုတွေမှာ လုပ်ကိုင်ဖို့ လူ မှောင်ခိုကူးခံရသူတွေဖြစ်ပြီး ပဋိပက္ခဖြစ်လာချိန်မှာ ကာစီနိုပိုင်ရှင်တွေက သူတို့ကို စွန့်ပစ်ခဲ့တာပါ။
ဗီယက်နမ်နိုင်ငံသားတွေ ဘေးကင်းဖို့နဲ့ တရုတ်နယ်စပ်အနီး မြန်မာပဋိပက္ခကနေ ကယ်ထုတ်ရာမှာ ဒေ သန္တရ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့လအတွင်း မြန်မာနိုင်ငံရှိ ဗီ ယက်နမ်သံရုံးကို ညွှန်ကြားခဲ့ပါတယ်။
အခြားတိုင်းပြည်တွေမှာ အထောက်အထားမရှိ ဘေးကင်းလုံခြုံမှုမရှိတဲ့ အလုပ်အကိုင်တွေလုပ်ကိုင်ဖို့ လူ မှောင်ခိုကူးသူတွေနောက် မလိုက်ဖို့လည်း ဝန်ကြီးဌာနက ဗီယက်နမ်ပြည်သူတွေကို သတိပေးခဲ့ပါတယ်။
စစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ အာဏာသိမ်းယူပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက စစ်ကောင်စီအပေါ် တိုက်ခိုက်မှုတွေ ပြုလုပ်ပြီးနောက် မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲ တွေ ဖြစ်လာခဲ့တာပါ။
မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ သီတင်းပတ်ငါးပတ်မြောက် ရှိလာခဲ့ပြီး မြန်မာနိုင်ငံ အနောက်ပိုင်းနဲ့အရှေ့ပိုင်းတွေကို ပျံ့နှံ့လာခဲ့ပါတယ်။
ကုလသမဂ္ဂရဲ့ နိုဝင်ဘာလ အချက်အလက်တွေအရ ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံမှ အိုးအိမ်စွန့်ခွာရသူ ၂၈၆၀၀၀ ဦးကျော် ရှိလာခဲ့ပြီလို့ သိရပါတယ်။
ကိုးကား – VN Express International
Ref; Vietnam evacuates 338 nationals from war-torn Myanmar