
ဧရာ၀တီတိုင်းမ်
ဒီဇင်ဘာ ၄ ရက်
ကသာမြို့နယ်တွင် Non CDM ၀န်ထမ်းများ အလင်း၀င်ရောက်ရန် ကြေညာချက် နှစ်ကြိမ် ထုတ်ပြန်ပြီးနောက် အလင်း၀င်ရောက်လာသူ ၈၅ ဦးရှိပြီဖြစ်ကြောင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ထားသည်။
မြို့နယ်အတွင်းမှ Non CDM ၀န်ထမ်းများ အလင်း၀င် ခြင်းဆိုင်ရာ ကြေညာချက်ကို မြို့နယ် (ပကဖ)က ပြီးခဲ့သည့် နို၀င်ဘာလအတွင်း ထုတ်ပြန်ကြေညာပြီးနောက် ပထမအကြိမ်တွင် ၅၆ ဦး၊ ဒုတိယအကြိမ်တွင် ၂၉ ဦး စုစုပေါင်း ၈၅ ဦး အလင်း၀င်လာကြောင်း သိရသည်။
Non CDM ဝန်ထမ်းများ အလင်းဝင်ရောက်ရန် ယခု ဒီဇင်ဘာလ ၁၄ ရက်နေ့အထိ အသိပေးထားပြီး အလင်း၀င်ရောက် လာခြင်းမရှိသည့် Non CDM ၀န်ထမ်းများကို တည်ဆဲဥပဒေနှင့်အညီ အရေးယူအပြစ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပကဖ ထံက သိရသည်။
ယင်းသို့ Non CDM ဝန်ထမ်းများ အလင်း၀င်ရောက်ရန်အတွက် ပကဖအဖွဲ့မှ ထုတ်ပြန် ကြေညာထားသည့် ဖုန်းနံပါတ်ကို စစ်ကောင်စီကပိတ် သိမ်းခဲ့ခြင်းကြောင့် အလင်း၀င်ရောက်လိုသူများအနေဖြင့် @kathapap တယ်လီဂရမ်သို့ ဆက်သွယ်၍ အလင်း ၀င်ရောက်ကြရန် အသိပေးထုတ်ပြန်ထားသည်။
စစ်ကောင်စီ လက်အောက်ခံ ၀န်ထမ်းများအနေဖြင့် ဒီဇင်ဘာလ ၁၄ ရက်နေ့အထိ နောက်ဆုံးထား၍ ဆောင်ရွက်ဆဲရုံးလုပ်ငန်းများကို ရပ်တန့်ပြီး ဌာနဆိုင်ရာ စာရွက် စာတမ်းများ၊ ပြည်သူပိုင်ပစ္စည်းများနှင့်တကွ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ထံ အလင်း၀င်ရောက်ကြရန် အသိပေးထားသည်။
ဓာတ်ပုံ-လူမှုကွန်ရက်
#စစ်ကိုင်းတိုင်း #ကသာ #မြို့နယ်ပကဖ #NonCDMဝန်ထမ်း၈၅ဦး #အလင်း၀င် #Ayeyarwaddy_Times