
ဓာတ်ပုံ - လေမျိုချောင်းတံတား(ပုံဟောင်း)။
ဗွီအာတီ၊ ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဇူလိုင် ၂၆ ရက်
ချင်းပြည်နယ်၊ မတူပီမြို့၊ လေမျိုချောင်းတံတားအနီးတွင် ယမန်နေ့ ဇူလိုင်လ ၂၅ ရက် မနက် ၁၁ နာရီအချိန်ဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း CDF မတူပီကထုတ်ပြန်သည်။
ဇူလိုင်လ ၂၄ ရက်က လေမျိုချောင်းကိုဆင်းလာပြီး ယာ ယီစခန်းချနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ချောင်း မြောင်းတိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးကာ ၄ ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ လေမျိုချောင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဆင်းလာကြတာ၊ ကားလမ်းတွေ ပြင်ဖို့ထင်တယ် အဲ့ဒီနားမှာယာယီစခန်းချနေကြတာ။ ကျွန်တော်တို့ CDF မတူပီရဲ့ ရှေ့Point အဖွဲ့က သွားပြီး ပစ်တာ၊ စစ်ကောင် စီဘက်က ၅ ယောက် သေတယ်၊ ၄ ယောက်လောက် ဒဏ်ရာရတယ်” ဟု CDF-Matupiမှ ရဲဘော်တစ်ဦးက ဧရာဝတီတိုင်းမ်သတင်းဌာနကို ပြောကြားသည်။
အဆိုပါတိုက်ပွဲတွင် CDF-Matupiမှ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး CDF-Matupi၊ တပ်ရင်း (၁) ထိန်းချုပ်ရာ နယ်မြေတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားလာနိုင်ကြောင်း CDF-Matupi၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။