ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၆ ရက်

အာဏာသိမ်းစစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားလေးဦးကို ကွက်မျက်မှုက တရားရေးဆိုင်ရာ ရက်စက် ကြမ်းကြတ်မှု အပြုအမူတစ်ခုဖြစ်တယ်လို့ အာဆီယံ လူ့အခွင့် အရေး လွှတ်တော်အမတ်များအဖွဲ့ (APHR) က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

အကြမ်းဖက်မှုနဲ့ စွဲချက်တင်ထားတဲ့ နိုင်ငံရေးအကျဉ်း သားလေးဦးဖြစ်တဲ့ ကိုဖြိုးဇေယျာသော်၊ ကိုဂျင်မီ၊ ကိုအောင်သူရဇော်နဲ့ ကိုလှမျိုးအောင်တို့ကို ကွက်မျက်မှုက ၁၉၈၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကွက်မျက်မှု ဖြစ်တယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ အာဆီယံက မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှု သဘောသဘာဝကို သိသာစေတဲ့ သနားဂရုဏာကင်းမဲ့သော လုပ်ကြံမှုကို အရေးယူသင့်ပါတယ်လို့ အင်ဒိုနီးရှား အောက်လွှတ်တော်အမတ် ဟောင်းနဲ့ APHR ဘုတ်အဖွဲ့ဝင် အီဗာဆန်ဒရီက ပြောပါတယ်။

စစ်ကောင်စီရဲ့ စွပ်စွဲမှုခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားလေးဦးကို လျို့ဝှက်နေရာမှာ ဥပဒေအရ ကာကွယ်မှု မရဘဲ တရားမျှတမှုမရှိဘဲ ဘက်လိုက်ပြီး တရားရင်ဆိုင်ခဲ့ရတယ်လို့ ဖိလစ်ပိုင်လွှတ်တော်အမတ်ဟောင်း တွမ်ဗီ လာရင်ကို ကိုးကားပြီး APHR ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒီကွက်မျက်မှုက အာဏာသိမ်းစစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုကို ညွှန်ပြနေပြီး နိုင်ငံတကာ အ သိုင်းအဝိုင်းက ရက်စက်ကြမ်းကြုတ်မှုတွေ ထပ်မံ မကျူးလွန်နိုင်အောင် အာဏာသိမ်းစစ်ကောင်စီအပေါ် ထိ ရောက်တဲ့ အရေးယူမှုတွေ မလုပ်ဆောင်နိုင်တာကြောင့်ဖြစ်တယ်လို့ APHR ဥက္ကဌ မလေးရှားလွှတ်တော်အမတ်ဟောင်း ချားလ်ဆန်တီယာဂိုက ဆိုပါတယ်။

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က NUG ဦးဆောင်တဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့ အဓိပ္ပာယ်ရှိ သော နိုင်ငံရေးဆွေးနွေးမှုတွေ ပြုလုပ်မယ့်ရည်ရွယ်ချက် မရှိဘူးဆိုတာ ဒီကွက်မျက်မှုက သက်သေပြနေတယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

အာဆီယံ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရတ်ခ်ဆိုခွန် မြန်မာနိုင်ငံကိုလာ ရောက်ပြီး နှစ်ပတ်အကြာမှာ ကွက်မျက်မှုကို ကြေညာတာကြောင့် စစ်ကောင်စီက ကိုယ်တိုင်လက်မှတ်ရေးထိုး ထားတဲ့ အာဆီယံ ဘုံသဘောတူညီချက်ကို ပမာမထားဘူးဆိုတာ သိသာစေတယ်လို့ ကြေညာချက်က ဆိုပါတယ်။

အာဆီယံ အထူးကိုယ်စားလှယ်နဲ့ အာဆီယံအဖွဲ့ဝင်တွေက ကွက်မျက်မှုကို ရှုတ်ချကာ မြန်မာအကျပ်အတည်း ချည်းကပ်ပုံနည်းလမ်းကို ပြန်စဉ်းစားသင့်ပါတယ်။ မင်းအောင်လှိုင်နဲ့အဖွဲ့ သက်ညှာခွင့်မရှိဘဲ ရာဇဝတ်မှု တွေ မကျူးလွန်နိုင်အောင် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက စစ်ကောင်စီကို ပစ်မှတ်ထား ဒဏ်ခတ်အရေးယူတာ၊ ဒေသတွင်း ခရီးသွားလာခွင့်ပိတ်ပင်တာ အစရှိတာတွေနဲ့ ဖိအားပေးသင့်ပါတယ်လို့ ထိုင်းလွှတ်တော်အမတ်ဟောင်းနဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း ကာဆက်ပီရိုမြက ပြောပါတယ်။

ကိုးကား – Bernama
Ref; Southeast Asian MPs condemn the execution of four political prisoners in Myanmar