ဧရာ၀တီတိုင်းမ်
ဒီဇင်ဘာ ၁ ရက်

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်တွင် ယနေ့နံနက်ပိုင်းက အမျိုးသားဒီမိုကရေစီပါတီသစ်၏ ဥက္ကဋ္ဌဖြစ်သူ ဦးသန်းထွန်း သေနတ်ဖြင့်ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

ယနေ့ ဒီဇင်ဘာ ၁ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်ခန့်က ငမိုးရိပ်ရပ်ကွက် အပိုင်း ၃၊ ၃ လမ်းရှိ ၎င်း၏နေအိမ်တွင် သေနတ်ဖြင့်ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

အသက် ၅၄ နှစ်အရွယ်ရှိ ဦးသန်းထွန်းသည် စစ်ကောင်စီကို အားပေးထောက်ခံသူဖြစ်သည့်အပြင် စစ်အာဏာသိမ်းမှုကို အကြွင်းမဲ့ထောက်ခံအားပေးကာ စစ်ကောင်စီအဖွဲ့၀င် ဦးသိန်းညွန့်တည်ထောင်ထားသည့် NNDP ပါတီ၏ ဥက္ကဋ္ဌလည်းဖြစ်သည်။

အဆိုပါပစ်ခတ်မှုကို ရန်ကုန်မြို့ပြတော်လှန်ရေးတပ် ဖွဲ့ဖြစ်သည့် ငမိုးရိပ် Mission Network မှ ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

“ဦးသန်းထွန်းက စစ်တပ်အာဏာသိမ်းမှုကို အားပေး ထောက်ခံတဲ့အပြင် စစ်တပ်ရဲ့လုပ်ရပ်တွေကို အမြဲ ၀မ်းပမ်းတသာ အားပေးနေတဲ့သူပါ”ဟု ငမိုးရိပ်ရပ် ကွက်နေထိုင်သူ ‌ပြည်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဦးသန်းထွန်းတွင် ဝဲရင်အုံ၊ ယာရင်အုံ၊ ဝဲလက်ဖျံ၊ ယာလက်မောင်းရင်း စုစုပေါင်း ကျည်ထိမှန်ဒဏ်ရာ လေးချက်ရရှိကာ နေရာတွင်သေဆုံးခဲ့ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီပါတီသစ်(New National Democracy Party)၏ ယခင်ဥက္ကဋ္ဌမှာ ဦးသိန်းညွန့်ဖြစ်ပြီး စစ်တပ်မှအာဏာသိမ်းပြီးချိန်တွင် စစ်ခေါင်း ဆောင်မှ ဦးသိန်းညွန့်ကို စစ်ကောင်စီအဖွဲ့၀င်အဖြစ် ခန့်အပ်ခဲ့ရာ ဦးသန်းထွန်းသည် ပါတီဥက္ကဋ္ဌဖြစ်လာခဲ့ ခြင်းဖြစ်သည်။

#စစ်တပ်အာဏာသိမ်းရန် #တောင်းဆို #အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ #ဦးသန်းထွန်း #သေနတ်ဖြင့်ပစ်သတ်ခံရ #Ayeyarwaddy_Times