ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၇ ရက်

ကိုးကန့်အဖွဲ့ MNDAA က ဒီသီတင်းပတ်အတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုကို သိမ်းပိုက်လိုက်ပြီး နောက် မြန်မာပြည်တွင်းစစ်မှာ ချက်ချင်း အပစ်အခတ်ရပ်စဲဖို့ တရုတ်စစ်တပ်ရဲ့အာဘော်သတင်းစာ PLA Daily က တောင်းဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံက နယ်စပ်ဒေသလုံခြုံရေးကို ကာကွယ်စောင့်ရှောက်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ တနင်္ဂနွေ နေ့ထုတ် အယ်ဒီတာ့အာဘော်မှာ PLA Daily က ဖော်ပြခဲ့ပါတယ်။

“တရုတ်-မြန်မာနယ်စပ်မှာ လုံခြုံရေးနဲ့တည်ငြိမ်မှု ထိန်းသိမ်းခြင်းက နှစ်နိုင်ငံပြည်သူတွေရဲ့ ဘုံမျှော်မှန်း ချက်နဲ့ ဘေးကင်းလုံခြုံမှုဖြစ်ပါတယ်” လို့ PLA Daily က ဆိုပါတယ်။

တရုတ်နိုင်ငံက မြန်မာနိုင်ငံမြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို အနီးကပ် စောင့်ကြည့်နေပြီး ချက်ချင်း အပစ်အခတ်ရပ်စဲဖို့နဲ့ တင်းမာမှုတွေ ရှောင်ရှားမယ့် ငြိမ်းချမ်းသော တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ဖို့ တိုက်တွန်းတယ်လို့ PLA Daily က ပြောပါတယ်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ဟာ မြန်မာနယ်စပ်တစ်လျှောက် ယူနန်ပြည်နယ်ရှိ နေရာအသီးသီးမှာ ကျည်အစစ်နဲ့ပစ်ခတ်တဲ့ ၄ ရက်ကြာ စစ်ရေးလေ့ကျင့်မှုကို စနေနေ့က စတင်ခဲ့ပါတယ်။

၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်တဲ့ အဆိုပါစစ်ရေးလေ့ကျင့်မှုဟာ မြန်မာစစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို တင်းမာမှုတွေ လျှော့ချဖို့ သတင်းစကားပါးတာလို့ လေ့လာသူအချို့က ရှုမြင်ခဲ့ပါတယ်။

တရုတ်နိုင်ငံက စစ်ရေးလေ့ကျင့်မှုနဲ့ပတ်သက်လို့ အကြောင်းကြားခဲ့ပြီး နယ်စပ်ဒေသမှာ တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းရေး မြှင့်တင်ဖို့ ပုံမှန်ပြုလုပ်တာသာဖြစ်တယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းက ပြောပါတယ်။

မြန်မာစစ်ကောင်စီဟာ လွန်ခဲ့သော ၃ နှစ်ခန့်က အာဏာသိမ်းပြီးနောက်ပိုင်း အကြီးမားဆုံး လက်နက် ကိုင်စိန်ခေါ်မှုကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ကိုးကား – South China Morning Post
Ref; Chinese military urges ceasefire in Myanmar’s civil conflict as rebel group claims border trading point

#Ayeyarwaddy_Times