
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၆ ရက်
ဘုံသဘောတူညီချက် (၅) ရပ် ဖော်ဆောင်မှု တွန်းအားပေးဖို့နဲ့ မြန်မာ့အရေး တာရှည်ခံသော နိုင်ငံရေးအ ဖြေရှာမယ့် အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုတွေ ကျင်းပရေးလုပ်ဆောင်ဖို့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ် စားလှယ်ရုံးက မြန်မာ့အရေးမှာ အဓိကသက်ဆိုင်သူတွေ တက်ရောက်တဲ့ အစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့တယ် လို့ ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
အစည်းအဝေးကို ဂျကာတာမြို့တော်မှာ နိုဝင်ဘာလ ၂၀ ရက်မှ ၂၂ ရက်အထိ ကျင်းပခဲ့ပြီး နွေဉီးတော်လှန် ရေး ကိုယ်စားပြုသူတွေ၊ စစ်ကောင်စီနဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ကိုယ်စားလှယ်တွေအပြင် အာဆီယံအဖွဲ့ရဲ့ ၂၀၂၄ ခုနှစ် အလှည့်ကျဉက္ကဌ လာအိုအစိုးရ ကိုယ်စားလှယ်လဲ တက် ရောက်ခဲ့ပါတယ်။
အာဆီယံဥက္ကဌအနေနဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ဒီနှစ်အတွင်း စစ်ကောင်စီ အပါအဝင် မြန်မာနိုင်ငံရှိ သက် ဆိုင်သူတွေနဲ့ ထိတွေ့ဆက်ဆံမှု အကြိမ် ၁၈၀ ကျော် ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
အစည်းအဝေးရဲ့ အဓိကရည်ရွယ်ချက်က သက်ဆိုင်ရာအဖွဲ့အစည်းတွေကို တွေ့ဆုံဆွေးနွေးဖို့၊ အကြမ်း ဖက်မှုတွေ လျှော့ချဖို့၊ ပဋိပက္ခဘေးသင့် မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ ဘေး ကင်းစွာ ပေးအပ်ခွင့်ပြုနိုင်ဖို့ဖြစ်ပါတယ်။
အစည်းအဝေးတက်ရောက်သူတွေဟာ အင်ဒိုနီးရှား ဒုတိယ နိုင်ငံခြားရေးဝန်ကြီးနဲ့ သီးခြားစီ တွေ့ဆုံခဲ့ ကြပါတယ်။ အင်ဒိုနီးရှားဒုတိယဝန်ကြီးက မြန်မာ့အကျပ်အတည်းကို ဖြေရှင်းဖို့ အားလုံးပါဝင်သော တွေ့ဆုံဆွေး နွေးမှု၊ နိုင်ငံရေးအဖြေရှာရေး အကြံပြုခဲ့ပါတယ်။
သက်ဆိုင်သူအားလုံးက အင်ဒိုနီးရှားနိုင်ငံရဲ့ ခေါင်းဆောင်မှုနဲ့ မြန်မာပြည်သူတွေကိုကူညီဖို့ ကတိကဝတ် ကို လွန်စွာ ကျေနပ်မှုရှိကြောင်း ထုတ်ဖော်ပြောခဲ့ပြီး အာဆီယံအဖွဲ့ရဲ့ အခန်းကဏ္ဍနဲ့ ဘုံသဘောတူညီချက် ၅ ရပ် ဖော်ဆောင်မှုကို ထောက်ခံခဲ့ကြပါတယ်။
“မြန်မာနိုင်ငံမှာ တာရှည်ခံသော ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုရရှိဖို့ အားလုံးပါဝင်သော နိုင်ငံရေးအဖြေတစ် ခုရှာရေး မြန်မာပြည်သူတွေကို ဆက်လက်ပြီး ကူညီဖို့ အင်ဒိုနီးရှားနိုင်ငံက ကတိပြုပါတယ်” လို့ အထူးကိုယ်စား လှယ်ရုံးမှ သံအမတ်ကြီး ငူရာဆွာဂျာရာက ပြောပါတယ်။
စက်တင်ဘာလအတွင်း ချမှတ်ခဲ့တဲ့ ၄၃ ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ သုံးသပ်ချက်၊ ဆုံး ဖြတ်ချက်နဲ့အညီ မြန်မာပြည်သူတွေကို ကူညီဖို့ အာဆီယံအဖွဲ့ရဲ့ စဉ်ဆက်မပြတ်တဲ့ ကြိုးပမ်းမှုကို လုပ်ဆောင်နိုင် ဖို့ အင်ဒိုနီးရှားနိုင်ငံက ၂၀၂၄ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဌနဲ့ အနီးကပ် လက်တွဲဆောင်ရွက်နေတယ်လို့ သူက ဆိုပါတယ်။
ပဋိပက္ခမှာ သက်ဆိုင်တဲ့အဖွဲ့အစည်းတွေက အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဉပဒေနဲ့အညီ စိတ် ရှည်သည်းခံမှု ကျင့်သုံးကာ အရပ်သားတွေ ထိခိုက်သေဆုံးမှုမရှိအောင် ရှောင်ကြဉ်ဖို့၊ ပဋိပက္ခဘေးသင့် စစ်ဘေး ရှောင်တွေကို လူသားချင်းစာနာမှု အကူအညီ ဘေးကင်းစွာ ပေးအပ်ခွင့်ပြုဖို့ အင်ဒိုနီးရှားနိုင်ငံက တိုက်တွန်းတယ် လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
ကိုးကား – Office of the Special Envoy on
Myanmar
Ref; Office of the Special Envoy Engagements with Myanmar Stakeholders Jakarta, 20-22 November 2023