ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၅ ရက်
ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမြောက်ပိုင်း၊ ကိုးကန့်ဒေသကနေ တရုတ်နိုင်ငံသားတွေ ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့နဲ့ ပဋိပက္ခဇုန်မှ ခပ်ဝေးဝေးနေကြဖို့ မြန်မာနိုင်ငံရှိ တရုတ်သံရုံးက နိုဝင်ဘာလ ၂၄ ရက်မှာ သတိပေးလိုက်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပဋိပက္ခတွေ အရှိန်မြှင့်လာပြီး တရုတ်နိုင်ငံသားတွေရဲ့ လုံခြုံရေးအတွက် ခြိမ်းခြောက်မှုတွေ အပါအဝင် အန္တရာယ်တွေရှိတာကြောင့် အခုလို အကြံပြုချက် ထုတ်ပြန်တာပါ။
ပြီးခဲ့တဲ့လတွေအတွင်း မြန်မာနိုင်ငံမြောက်ပိုင်းမှာ အခြေအနေက ပိုဆိုးလာခဲ့ပြီး မြန်မာစစ်တပ်နဲ့ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့ကြား လက်နက်ကိုင်တိုက်ပွဲတွေ ပြင်းထန်လာကာ အကြမ်းဖက်မှုနဲ့ မတည်ငြိမ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။
တရုတ်သံရုံးရဲ့ အကြံပြုချက်ဟာ ဒေသတွင်း တရုတ်နိုင်ငံသားတွေ ရင်ဆိုင်နေရတဲ့ အန္တရာယ်တွေကို သ တိပေးလိုက်တာပဲဖြစ်ပါတယ်။
တရုတ်အစိုးရဟာ မြန်မာနိုင်ငံရှိ တရုတ်သံရုံးမှတစ်ဆင့် နိုင်ငံသားတွေ ဘေးအန္တရာယ်ကင်းဖို့နဲ့ ပဋိပက္ခ ဘေးသင့်ဒေသတွေကနေ ချက်ချင်း ထွက်ခွာမယ့် အစီအမံတွေ လုပ်ဆောင်နေပါတယ်။
ဒါ့အပြင် အခုလိုသတိပေးချက်ဟာ တရုတ်အစိုးရရဲ့ ပြည်ပနိုင်ငံတွေက နိုင်ငံသားတွေ ဘေးကင်းလုံခြုံ ရေးနဲ့ သာယာဝပြောရေးကို ထင်ဟပ်စေပါတယ်။
မြန်မာနိုင်ငံရှိ တရုတ်သံရုံးကထုတ်ပြန်တဲ့ အရေးပေါ် အကြံပြုချက်ဟာ ဒေသတွင်း ပဋိပက္ခအရှိန်မြှင့်လာ တာကို ဖော်ပြနေပါတယ်။
မြန်မာ့အရေးဟာ အခြေအနေပိုဆိုးလာတာကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းက အခြေအနေကို စောင့် ကြည့်ကာ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှု ပြန်လည်ရရှိမယ့် အဖြေရှာဖို့ မျှော်လင့်နေပါတယ်။
ကိုးကား – CGTN
Ref; Chinese embassy warns citizens in north Myanmar to leave immediately