
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၃ ရက်
နယ်စပ်ဖြတ်ကျော် အွန်လိုင်းငွေလိမ်မှုမှာ ပါဝင်တယ်လို့ သံသယရှိသူ ၆၈ ဦးကို တရုတ်နိုင်ငံသို့ လွှဲ ပြောင်းပေးခဲ့တယ်လို့ ဝပြည်နယ်ရဲတပ်ဖွဲ့က ယနေ့ ပြောပါတယ်။
တရားစီရင်ရေးကော်မတီဟာ မင်ဘိုနဲ့ဘန်ကန်ဧရိယာများရှိ ရာဇဝတ်ဂိုဏ်းတွေကို စီးနင်းကာ ကျားဖြန့် လုပ်ကိုင်သူလို့ သံသယရှိသူ ၆၈ ဉီးကို ဖမ်းဆီးကာ ကွန်ပြူတာတွေ၊ မိုဘိုင်းဖုန်းတွေနဲ့ အခြားကိရိယာတွေကို သက်သေအဖြစ် သိမ်းဆည်းခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
၂၀၂၀ ပြည့်နှစ်နောက်ပိုင်း တရုတ်နိုင်ငံသား ၈၆၈၈၄ ဉီးကို ဝပြည်နယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ လွှဲ ပြောင်းပေးခဲ့တယ်လို့ ဝပြည်နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။
အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ဖြိုခွင်းကာ ရာဇဝတ်မှု ကျူးလွန်သူတွေဟာ မြန်မာနဲ့တရုတ်နိုင်ငံမှာ တ ရားစွဲဆိုမှုတွေ ရင်ဆိုင်ရမယ်လို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ဆိုပါတယ်။
ကျားဖြန့်လုပ်ကိုင်သူလို့ သံသယရှိသူ ၃၁၀၀၀ ကျော်ကို မြန်မာမှ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ရာ နှစ် နိုင်ငံကြား အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ ဖြိုခွင်းဖို့ ပူးပေါင်းကြိုးပမ်းမှုတွေရဲ့ သိသာထင်ရှားသော အောင်မြင်မှုတစ်ခု လို့ တရုတ် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။
ကျားဖြန့်လုပ်ကိုင်သူတွေထဲမှာ ၆၃ ဦးက ငွေကြေးတာဝန်ခံတွေ၊ ဂိုဏ်းခေါင်းဆောင်တွေ၊ အရေးပါသော လူပုဂ္ဂိုလ်တွေဖြစ်ပြီး ၁၅၃၁ ဉီးက တရားခံပြေးတွေဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို အမြစ်ပြတ်ချေမှုန်းကာ ရာဇဝတ်ကောင်တွေကို ဉပဒေနဲ့အညီ အရေးယူဖို့ မြန်မာနိုင်ငံမြောက်ပိုင်းရှိ ကျားဖြန့်လုပ်ကိုင်တဲ့ဂိုဏ်းတွေအပေါ် ဖိအားတိုးပေးဖို့ တရုတ်အာဏာပိုင်တွေက ကတိ ပြုခဲ့ပါတယ်။
ကိုးကား – People’s Daily
Ref; 68 more suspects involved in cross-border telecom fraud transferred to China from Myanmar