
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၀ ရက်
အိန္ဒိယသမုဒ္ဒရာရှိ အလွန်သေးငယ်သော ကျွန်းစုနိုင်ငံလေးရဲ့ ‘အိန္ဒိယပထမ’ မူဝါဒကို ပြောင်းလဲမယ်လို့ မဲဆွယ်စည်းရုံးခဲ့တဲ့ မော်လ်ဒိုက်သမ္မတသစ် မိုဟာမက်မက်ဇူက တိုင်းပြည်တွင်းကနေ တပ်ဖွဲ့ဝင်တွေရုတ်သိမ်းဖို့ အိန္ဒိယနိုင်ငံကို တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။
မိုဟာမက်ဟာ စက်တင်ဘာလအတွင်းကပြုလုပ်တဲ့ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပြီး အိန္ဒိယတပ်ဖွဲ့ ဝင် ၇၅ ဉီး ဖယ်ရှားဖို့ ကတိပြုကာ အီဘရာဟင်ဆိုလစ်ကို ရွေးကောက်ပွဲမှာ ဖြုတ်ချခဲ့ပါတယ်။
အိန္ဒိယနဲ့တရုတ်တို့က ဒေသတွင်းမှာ သြဇာတိက္ကမရရှိရေးအတွက် ယှဉ်ပြိုင်ခဲ့ပြီး မိုဟာမက်ကို ထောက်ခံ တဲ့ ညွန့်ပေါင်းအဖွဲ့က တရုတ်နိုင်ငံဘက်ကို ပိုယိမ်းတယ်လို့ ယူဆရပါတယ်။
“မော်လ်ဒိုက်ပြည်သူတွေက တပ်ဖွဲ့ဝင်တွေရုတ်သိမ်းရေး အိန္ဒိယနိုင်ငံထံ မေတ္တာရပ်ခံဖို့ မိုဟာမက်ကို အ ခွင့်အာဏာပေးခဲ့ပြီး အိန္ဒိယနိုင်ငံက မော်လ်ဒိုက်ပြည်သူတွေရဲ့ ဒီမိုကရေစီဆန္ဒကို လေးစားသမှုရှိမယ်လို့ မျှော်လင့် ကြောင်း ထုတ်ဖော်ပြောခဲ့ပါတယ်” လို့ သမ္မတရုံးက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားခဲ့ပါတယ်။
“မော်လ်ဒိုက်မြေပေါ်မှာ နိုင်ငံခြားစစ်တပ် တပ်စွဲတာမရှိအောင် ကျွန်တော် လုပ်ဆောင်သွားပါမယ်” လို့ နိုဝင်ဘာလ ၁၇ ရက်ကပြုလုပ်တဲ့ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားမှာ မိုဟာမက်က ပြောကြားခဲ့ပါတယ်။
သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားမှာ အိန္ဒိယနိုင်ငံကို ကိုယ်စားပြုပြီး တက်ရောက်ခဲ့တဲ့ အိန္ဒိယ သိပ္ပံဆိုင်ရာဝန်ကြီး ကီရန်ရီဂျူးကို မိုဟာမက်က အိန္ဒိယတပ်ဖွဲ့ဝင်တွေ ရုတ်သိမ်းပေးဖို့ မေတ္တာရပ်ခံခဲ့တာပါ။
“နှစ်နိုင်ငံအစိုးရတွေက စဉ်ဆက်မပြတ်သော ပူးပေါင်းဆောင်ရွက်မှုအတွက် အလုပ်ဖြစ်တဲ့ အဖြေတွေကို ဆွေးနွေးကြဖို့ သဘောတူခဲ့ပါတယ်” လို့ အမည်မဖော်လိုတဲ့ အိန္ဒိယအစိုးရ အကြီးတန်းတာဝန်ရှိသူတစ်ဉီးက ပြော ကြားခဲ့ပါတယ်။
မော်လ်ဒိုက်နိုင်ငံမှာ တပ်စွဲထားတဲ့ အိန္ဒိယတပ်ဖွဲ့တွေကို ပြန်ရုတ်သိမ်းခြင်းရှိ မရှိကိုတော့ သူက အသေး စိတ်မပြောကြားပါဘူး။
ကိုးကား – Reuters
Ref; Maldives new president Muizzu asks India to withdraw its military