
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၀ ရက်
စစ်တပ်အုပ်ချုပ်တဲ့ မြန်မာနိုင်ငံက ပဋိပက္ခဟာ အာဆီယံအဖွဲ့အတွက် ဖြေရှင်းဖို့ ခက်ခဲသောပြဿနာ တစ်ခု ဖြစ်ခဲ့တယ်လို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက ပြောကြားလိုက်ပါတယ်။
အာဆီယံအဖွဲ့ရဲ့ ကတိကဝတ်ရှိခဲ့ပေမယ့် မြန်မာ့အရေးဟာ လူသားချင်းစာနာမှုဆိုင်ရာ အကျိုးသက် ရောက်မှု အပါအဝင် ရှုပ်ထွေးခဲ့တယ်လို့ ယနေ့ အမေရိကန်နိုင်ငံ၊ ဟာဝိုင်အီမှာပြုလုပ်တဲ့ ဖိုရမ်တစ်ခုမှာ သူက ပြောပါတယ်။
“မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံအဖွဲ့အတွက် ကြီးမားသော တွန်းအားတစ်ခု ရှိပါတယ်။ ဒါပေမယ့် မြန် မာပဋိပက္ခဟာ ဖြေရှင်းဖို့ အလွန်ကို ခက်ခဲခဲ့ပါတယ်” လို့ သူက ဆိုပါတယ်။
စစ်ကောင်စီရဲ့ အတိုက်အခံတွေအပေါ် အာဏာသိမ်းမှုအလွန် ဖြိုခွင်းမှုကြောင့် စစ်အာဏာရှင် တော်လှန် ရေးလှုပ်ရှားမှုတွေ အားကောင်းလာခဲ့ပါတယ်။
အာဆီယံအဖွဲ့ရဲ့ ၂ နှစ်ကြာပြီဖြစ်တဲ့ ငြိမ်းချမ်းရေး လမ်းညွှန်မြေပုံကို ဖော်ဆောင်ဖို့ ကတိမပေးသရွေ့ အာ ဆီယံအဖွဲ့က မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေကို ဒေသတွင်း ထိပ်သီးအစည်းအဝေးတွေမှာ တက်ရောက်ခွင့်မပြုဖို့ ပိတ် ပင်ခဲ့ပါတယ်။
ဖိလစ်ပိုင်နိုင်ငံဟာ ၂၀၂၆ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ကိုယ်စား အာဆီယံအဖွဲ့ရဲ့ အလှည့်ကျဉက္ကဌအဖြစ် တာ ဝန်ယူမှာဖြစ်ပါတယ်။
မြန်မာစစ်တပ်ဟာ မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ ဒီမိုကရေစီဘက်တော်သားတွေရဲ့ ထိုးစစ်ဆင်မှုကို ခုခံ နေရတာကြောင့် အောက်တိုဘာလနောက်ပိုင်း နောက်ထပ် ထောင်နဲ့ချီတဲ့ပြည်သူတွေ အိုးအိမ်စွန့်ခွာခဲ့ရပါတယ်။
စစ်ကောင်စီဟာ စစ်တပ်ရဲ့ထောက်ခံမှုကိုပင် ဆုံးရှုံးခဲ့တယ်လို့ မကြာသေးမီက တိုက်ပွဲတွေ ပြင်းထန်လာ မှုကို ကိုးကားပြီး ဖာဒီနန်မားကို့စ်ဂျူနီယာက ပြောပါတယ်။
မကြာသေးမီနှစ်တွေအတွင်း မြန်မာပဋိပက္ခကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးမှု မြင့်တက်ခဲ့ပြီး ဖိ လစ်ပိုင်နိုင်ငံတွေလည်း မြန်မာနိုင်ငံမှာ လူမှောင်ခိုကူးခံရတာတွေ ရှိခဲ့တယ်လို့ သူက ဆိုပါတယ်။
ကိုးကား – Reuters
Ref; Philippines’ Marcos says Myanmar a difficult problem for Asean