ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၈ ရက်
ဧရာဝတီတိုင်း နှင့် ရခိုင်ပြည်နယ် ပင်လယ်ကမ်းခြေထိစပ်နေရာဖြစ်သည့် ရွှေသောင်ယံမြို့ ပင်လယ်ကမ်းခြေအနီးတဝိုက်သို့ ဟိုင်းကြီးကျွန်းအခြေစိုက် ပမ္မဝတီရေတပ်မှ စစ်သင်္ဘောငယ်နှစ်စင်းဖြင့် ကင်းလှည့်နေကြောင်းမြို့ခံများထံကသိရသည်။
ရွှေသောင်ယံမြို့ရှိ ပင်လယ်ကမ်းခြေအနီးတဝိုက်သို့ ပမ္မဝတီရေတပ်ဌာနချုပ်မှ ရေတပ်စစ်သင်္ဘောငယ်နှစ်စီးဖြင့် ပြီးခဲ့သည့်နိုတင်ဘာလ ၁၆ ရက်နေ့ကစပြီး ရေကြောင်းကင်းလှည့်နေကြောင်းဒေသခံများထံက သိရသည်။
“ ရေတပ်သင်္ဘောနှစ်စီး ပင်လယ်ဘက်မှာကင်းပတ်နေတာတွေ့ရတယ်။ ပင်လယ်ဘက်ငါးဖမ်းထွက်တဲ့သဘ်ောတွေကို စစ်ဆေးတာတော့တွေ့နေရတယ်” ဟုကိုယ်တိုင်ကြုံတွေ့ရသည့် ဒေသခံတစ်ဦးကပြောသည်။
ယင်းသို့ရေကြောင်းကင်းလှည့်နေစဉ် ငါးဖမ်းထွက်ရန်ပင်လယ်အတွင်းသို့ ထွက်ခွာနေသည့်စက်လှေငယ်များကို စစ်ဆေးမေးမြန်းမှုများပြုလုပ်ကာ ငွေကြေးတောင်းခံမှုများ ရှိနေကြောင်းဒေသခံများထံကသိရသည်။
“လုံခြံရေးအရဆိုပြီး စက်လှေတွေကိုဖမ်းစစ်တယ်။မသင်္ကာရင်အချိန်ကြာကြီးဆွဲစစ်တာ။လက်ထဲငွေရှိတာပေးမှပဲ ပြန်လွှတ်ပေးတယ်။မပေးနိုင်ရင် ငါးအချိန်နှစ်ဆယ်လောက်ပေးပေါ့။ရေထဲလည်း ဓားပြတိုက်ခံနေရတာပါပဲ”ဟု မကျီးဇင်ကျေးရွာဒေသခံတစ်ဦးက ဆိုသည်။
အလားတူ ရွှေသောင်ယံမြို့အနီးရှိ ပင်လယ်ကျွန်းများဖြစ်သည့် လိပ်ကျွန်း၊ပန်းမော့ကျွန်းနေရာတို့၌နိုဝင်ဘာလ ၁၆ ရက်နေ့ကစ၍စစ်ကောင်စီရေတပ်မှအပေါ့စားစစ်တပ်သုံးရေယာဉ် သုံးစီးဖြင့် ရေကင်းလှည့်ပတ်မှုများ ပြုလုပ်နေကြောင်းဒေသခံများထံက သိရသည်။