ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၉ ရက်
တရုတ်နယ်စပ်အနီး မြန်မာစစ်တပ်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ကြား တိုက်ပွဲတွေပြင်းထန်နေစဉ် လောက်ကိုင်မြို့မှာ ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသား ၄၁ ဉီး စနေနေ့က ထိုင်းနိုင်ငံသို့ပြန်ရောက်ပြီလို့ ထိုင်းစစ်တပ်က ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့နဲ့ ဒီမိုကရေစီဘက်တော်သားတွေ ပူးပေါင်း ထားတဲ့ မဟာမိတ်အဖွဲ့ရဲ့ ထိုးစစ်ဆင်မှုကို ခုခံနေရတာကြောင့် မြန်မာနိုင်ငံတစ်ဝှမ်း ထောင်နဲ့ချီတဲ့ပြည်သူတွေ အိုးအိမ်စွန့်ခွာခဲ့ရပါတယ်။
ထိုင်းအာဏာပိုင်တွေနဲ့ မြန်မာစစ်တပ်ကြား ညှိနှိုင်းဆောင်ရွက်မှုကြောင့် ထိုင်းနိုင်ငံသား ၄၁ ဉီးဟာ တာ ချီလိတ်-မယ်ဆိုင် နယ်စပ်ဂိတ်မှတစ်ဆင့် နေရပ်ပြန်ခဲ့တာလို့ ထိုင်းစစ်တပ်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါ တယ်။
လောက်ကိုင်မြို့အနီး ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသား ၂၆၄ ဉီးကို နေရပ်ပြန်ခေါ်နိုင်ဖို့ ထိုင်းအာဏာပိုင်တွေက လုပ်ဆောင်နေတယ်လို့ ထိုင်းစစ်တပ်က ပြောပါတယ်။
မြန်မာနိုင်ငံတွင်း ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသားတွေဟာ လူမှောင်ခိုကူးခံရသူတွေဖြစ်ပြီး အချို့က အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်) နဲ့ ဆက်စပ်သူတွေလို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
မြန်မာအပါအဝင် အာဆီယံဒေသဟာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေအတွက် အချက်အချာနေရာတစ်ခု ဖြစ် လာခဲ့ပြီး ထောင်နဲ့ချီတဲ့လူတွေဟာ ရာဇဝတ်ဂိုဏ်းတွေရဲ့ လူမှောင်ခိုကူးခံရကာ တရားမဝင် အွန်လိုင်ငွေလိမ်ဂိုဏ်း တွေမှာ အဓမ္မ ခိုင်းစေခံနေရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့ ဉီးဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ နှစ်ပေါင်းများစွာအတွင်း စစ်ကောင်စီရင် ဆိုင်ခဲ့ရတဲ့ အကြီးမားဆုံး စစ်ရေးခြိမ်းခြောက်မှုဖြစ်ပါတယ်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့က မြန်မာနိုင်ငံတစ်ဝှမ်း မြို့အများအပြားနဲ့ စစ်စခန်းတွေကို သိမ်းပိုက်ကာ တ ရုတ်နိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ မြန်မာနိုင်ငံမြောက်ပိုင်းက နယ်မြေတွေမှာ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။
ကိုးကား – CNA
Ref; 41 Thais trapped by Myanmar fighting repatriated, says Thai army