ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၇ ရက်

ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ မြန်မာနိုင်ငံကို တရားစွဲဆိုထားတဲ့အမှုမှာ ဉရောပ ၅ နိုင်ငံနဲ့ ကနေဒါနိုင်ငံက ဂမ်ဘီယာနိုင်ငံဘက်မှ ပူးပေါင်းပါဝင်တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်နဲ့ ဗြိတိန်တို့က ဂမ်ဘီယာရဲ့ မြန်မာနိုင်ငံကို ICJ မှာ တရားစွဲဆို ထားတဲ့အမှုမှာ ကနေဒါနိုင်ငံနဲ့အတူ ပူးပေါင်းလိုက်ပါတယ်။

မြန်မာစစ်တပ်ရဲ့ မူဆလင်လူနည်းစုဖြစ်တဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုဟာ လူမျိုးသုဉ်းသတ်ဖြတ် မှုမြောက်ပြီး မြန်မာနိုင်ငံက လက်မှတ်ထိုးထားတဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုတားမြစ်ရေးဆိုင်ရာ နိုင်ငံတကာဥပဒေ ကို ချိုးဖောက်တာကြောင့် ဂမ်ဘီယာနိုင်ငံက အမှုကို ICJ မှာ တင်သွင်းထားတာပါ။

မြန်မာစစ်တပ်ရဲ့ ၂၀၁၇ ခုနှစ်၊ လူမဆန်သော ဖြိုခွင်းမှုကြောင့် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရပါတယ်။

ဂမ်ဘီယာနဲ့မြန်မာဟာ ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းသတ်ဖြတ်မှုတားမြစ်ရေးဆိုင်ရာ နိုင်ငံတကာဥပဒေကို လက်မှတ်ရေးထိုးခဲ့ပြီး မြန်မာနိုင်ငံက ဉပဒေကို လိုက်နာရမယ့်တာဝန်ရှိတယ်လို့ ဂမ်ဘီယာနိုင်ငံက ပြောပါတယ်။

အဆိုပါသဘောတူညီချက်အရ လက်မှတ်ထိုးထားတဲ့နိုင်ငံတွေအနေနဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုကို တား ဆီးရမှာဖြစ်သလို ကျူးလွန်သူတွေကိုလည်း အပြစ်ပေးအရေးယူဖို့ တာဝန်ရှိပါတယ်။

မြန်မာစစ်ကောင်စီက ဂမ်ဘီယာနိုင်ငံရဲ့ တရားစွဲဆိုမှုကို ပယ်ချကာ ICJ အနေနဲ့ ကမ္ဘာ့နိုင်ငံတွေကြား အ ငြင်းပွားမှုကိုသာ ကြားနာနိုင်ပြီး ဂမ်ဘီယာနိုင်ငံက အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း (OIC) ကိုယ် စား တရားစွဲတာလို့ စွပ်စွဲခဲ့ပါတယ်။

ယင်းသဘောတူညီချက်ကို လက်မှတ်ထိုးထားတဲ့ မြန်မာနိုင်ငံအနေနဲ့ ဒီဝတ္တရားကို ပျက်ကွက်တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက ICJ မှာ တရားစွဲဆိုခဲ့တာပါ။

ကိုးကား – Fox News
Ref; Canada, 5 European countries look to join genocide case against Burma

#Ayeyarwaddy_Times